ဝါရှင်တန်၊ နိုဝင်ဘာ ၃
အမေရိကန် အောက်လွှတ်တော်သည် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်အုပ်စုနှင့် စစ်ပွဲဖြစ်ပွားနေသည့် အစ္စရေးနိုင်ငံအတွက် စစ်ရေးအကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၅ ဘီလျံ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များသည် အစ္စရေးကို စစ်ရေးအကူအညီပေးရန်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ အစ္စရေးကိုကူညီထောက်ပံ့ပေးရန် ၂၂၆ မဲ၊ ကန့်ကွက်မဲ ၁၉၆ မဲ ရရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ထိုင်ဝမ်၊ အစ္စရေးနှင့် ယူကရိန်းနိုင်ငံတို့ကို စစ်ရေးအကူအညီပေးရန်နှင့် မက္ကဆီကိုနယ်စပ်တံတိုင်း တည်ဆောက်ရန်အတွက် လွှတ်တော်ထံမှ ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀၆ ဘီလျံ တောင်းခံခဲ့ကြောင်း သိရသည်။
အမေရိကန် လွှတ်တော်အမတ်များသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တောင်းဆိုခဲ့သော ရန်ပုံငွေနှင့်ပတ်သက်ပြီး ခေါင်းစဉ်တစ်ခုချင်းစီကို သီးခြားဆွေးနွေးခဲ့ပြီး အစ္စရေးကို စစ်ရေးအကူညီပေးမည့် အစီအစဉ်ကို ထောက်ခံသော်လည်း ယူကရိန်းကို စစ်ရေးအကူညီပေးမည့် အစီအစဉ်ကို လိုလားခြင်းမရှိကြောင်း သိရသည်။
အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များသည် ယူကရိန်းကို ကူညီထောက်ပံ့ပေးမည့် စစ်ရေးအကူညီများထဲတွင် ငွေကြေးအပြင် လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်သည့် Iron Dome၊ David’s Sling တို့အတွက် လိုအပ်မည့် ဒုံးကျည်များဝယ်ယူရန်နှင့် စစ်လက်နက်ပစ္စည်းများပေးမည့် အစီစဉ်များလည်းပါဝင်ခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် အစ္စရေးနိုင်ငံကို နှစ်စဉ် စစ်ရေးအကူညီများပေးခဲ့ပြီး ဒုတိယကမ္ဘာစစ် နောက်ပိုင်းတည်းက အစ္စရေးနိုင်ငံကို ကူညီပေးခဲ့သော အမေရိကန်၏ စစ်ရေးအကူ အညီသည် အမေရိကန်ဒေါ်လာ ၁၂၄ ဘီလျံအထိရှိနေကြောင်း သိရသည်။
အမေရိကန်အစိုးရသည် အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ ဖြစ်ပွားနေသည့်စစ်ပွဲတွင် အစ္စရေးကို စစ်ရေးအကူအညီများ ပေးမည်ဖြစ်သလို အစ္စရေးနှင့်အတူ ရပ်တည် သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း စစ်ပွဲထဲသို့ အမေရိကန်တပ်ဖွဲ့ဝင်များ စေလွှတ်မည်မဟုတ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။
အစ္စရေးကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅ဘီလျံနီးပါး ကူညီပေးရန် အမေရိကန်လွှတ်တော် ခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်