အစ္စရေးကိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အီရန်စစ်တပ်တာဝန်ရှိသူများနှင့် ကုမ္မဏီများကို အမေရိကန်နှင့် ဗြိတိန်တို့ ပိတ်ဆို့မှုများချမှတ်

ဝါရှင်တန်၊ ဧပြီ ၂၀

အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့သည် အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အီရန်စစ်တပ်တာဝန်ရှိသူများနှင့် အီရန်ကားကုမ္မဏီ၊ ဒရုန်းကုမ္မဏီနှင့် သံမဏိကုမ္မဏီများကို ပစ်မှတ်ထားပြီး ပိတ်ဆို့မှုချမှတ်လိုက်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းသည် ဂျီ ၇ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ်ခြင်းကို သ တင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက “ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံနဲ့အတူ ပိတ်ဆို့မှုတွေချမှတ်လိုက်ပါတယ်။ အီရန်နိုင်ငံရဲ့ ဒရုန်းလုပ်ငန်းတွေ၊ ဝင်ငွေရစေမယ့်လုပ်ငန်းတွေကို ပိတ်ဆို့မှုချမှတ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ပိတ်ဆို့မှုတွေဟာ အီရန်နိုင်ငံအတွက် အခက်ခဲတွေဖြစ်လာစေမှာပါ။” ဟု ပြောသည်။

အမေရိကန်အစိုးရက အီရန်နိုင်ငံ၏ ရှာဟတ်ဒရုန်းများအတွက် အသုံးပြုသော အင်ဂျင်ထုတ်လုပ်ပေးသည့် ကုမ္မဏီအပါအဝင် ကုမ္မဏီအဖွဲ့စည်းနှစ်ခုနှင့် အီရန်စစ်တပ်မှ အခြားလူပုဂ္ဂိုလ် ၁၆ ဦးကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဗြိတိန်နိုင်ငံသည် အီရန်စစ်တပ်တစ်ခုလုံးကို အမည်ပျက်စာရင်းသွင်းထားမှုအပါအဝင် အီရန်နိုင်ငံကို ပိတ်ဆို့မှုအကြိမ်ရေ ၄၀၀ ချမှတ်ထားကြောင်း သိရသည်။

ဗြိတိန်အစိုးရက ပိတ်ဆို့မှုချမှတ်ခံရသူများကို ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ပေးမည်မဟုတ်သလို ဗြိတိန်နိုင်ငံ၏ စီရင်ပိုင်ခွင့်အတွင်းရှိနေသည့် ပိုင်ဆိုင်မှုအားလုံးကို ပြန်လည်ရုတ်သိမ်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အီရန်နိုင်ငံသည် ဆီးရီးယားနိုင်ငံရှိ အီရန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံခြင်းကို လက်တုံ့ပြန်မှုအဖြစ် ဧပြီ ၁၃ ရက်နေ့တွင် အစ္စရေးနိုင်ငံကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်ခဲ့သော အီရန်နိုင်ငံ၏တိုက်ခိုက်မှုများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများက ပြစ်တင်ရှုတ်ချထားကြောင်း သိရသည်။

ကောင်းထက်ငွေ

timesofisrael.com

အစ္စရေးကိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အီရန်စစ်တပ်တာဝန်ရှိသူများနှင့် ကုမ္မဏီများကို အမေရိကန်နှင့် ဗြိတိန်တို့ ပိတ်ဆို့မှုများချမှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.