နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၁
အိန္ဒိယလယ်သမားများသည် အစိုးရကကမ်းလှမ်းခဲ့သော သီးနှံဈေးနှုန်းဆိုင်ရာ အဆိုပြုချက်များကို ငြင်းဆန်ပယ်ချခဲ့ပြီး မြို့တော်နယူးဒေလီအထိ ချီတက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အိန္ဒိယလယ်သမားများသည် ပြီးခဲ့သောသီတင်းပတ်မှစတင်ပြီး သီးနှံရောင်းချရေးနှင့်ပတ်သက်၍ ကန့်သတ်ချက်များအပြင် ဈေးနှုန်းသတ်မှတ်များကို မကျေနပ်သည့်အတွက် ဆန္ဒပြခဲ့ပြီး နယူးဒေလီမြို့အထိချီတက်ရန် လိုလားနေကြောင်း သိရသည်။
အိန္ဒိယလယ်သမားများ၏ မြို့တော်နယူးဒေလီမြို့သို့ ချီတက်ရာလမ်းတစ်လျှောက်ရှိ ပြည်နယ်များမှ လယ်သမားများလည်း ပူးပေါင်းပါဝင်လာခဲ့ကြောင်း သိရသည်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြလယ်သမားအုပ်စုများကို မျက်ရည်ယိုဗုံးအသုံးပြုကာ ဖြိုခွင်းခဲ့ပြီး၊ ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သော လယ်သမားဆန္ဒပြပွဲမျိုး ထပ်မံမဖြစ်စေရန် အရှိန်မြင့်ဟန့်တားခဲ့ကြောင်း သိရသည်။
အိန္ဒိယဆန္ဒပြလယ်သမားခေါင်းဆောင်တစ်ဦးက အစိုးရသည် ပဲအမျိုးမျိုး၊ ဝါနှင့် ပြောင်းတို့အပါအဝင် သီးနှံဈေးနှုန်းများနှင့်ပတ်သက်သော ငါးနှစ်သက်တမ်းရှိ ကမ်းလှမ်းမှုတစ်ခုကို ကမ်းလှမ်းခဲ့သော်လည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း ဆိုသည်။
အိန္ဒိယအစိုးရ၏ အဆိုပါကမ်းလှမ်းချက်များက လယ်သမားများ၏အကျိုးစီးပွားကို ရေရှည်ရှေးရှုခြင်းမျိုးမရှိကြောင်း၊ သောင်းနှင့်ချီသော လယ်သမားများသည် မိုင်ပေါင်း ၁၂၀ ကျော်အကွာအဝေးရှိ မြို့တော်သို့ ချီတက်ဆန္ဒပြပွဲများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဆန္ဒပြပွဲခေါင်းဆောင်တစ်ဦးဖြစ်သူ ဒါလီဝါက ပြောသည်။
အိန္ဒိယနိုင်ငံတွင်ဖြစ်ပွားနေသည့် လယ်သမားများ၏ ဆန္ဒပြပွဲများအတွင်း လယ်သမားအချို့သည် ထွန်စက်များကိုအသုံးပြုခဲ့သလို အစားအစာ၊ အိပ်ယာလိပ်နှင့် အခြားအသုံးဆောင်ပစ္စည်းများကို တပါးတည်းယူဆောင်လာခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
alarabiya.net/News
အစိုးရ၏ကမ်းလှမ်းချက်များကို ငြင်းဆန်ပြီး မြို့တော်နယူးဒေလီအထိ ချီတက်ဆန္ဒပြမည်ဟု အိန္ဒိယလယ်သမားများ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်