အစိုးရအသစ်ဖွဲ့စည်းရန် ပါကစ္စတန်နိုင်ငံ၏ အင်အားအကြီးဆုံးပါတီကြီးနှစ်ခု သဘောတူညီခဲ့သော်လည်း အစိုးရဖွဲ့နိုင်သည့်မဲအရေအတွက် မရသေး

အစ္စလာမာဘတ်၊ ဖေဖော်ဝါရီ ၂၁

ပါကစ္စတန် နိုင်ငံ၏ အင်အားအကြီးမားဆုံး နိုင်ငံရေးပါတီနှစ်ခုဖြစ်သည့် PPP ပါတီနှင့် PML-N ပါတီတို့သည် ရက်အတန်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ညွှန်ပေါင်းအစိုးရအဖွဲ့ဖွဲ့စည်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ရွေးကောက်ပွဲကျင်းပခဲ့သော်လည်း အစိုးရအသစ်ဖွဲ့စည်းနိုင်သည့် မဲအရေအတွက်ရရှိခဲ့သည့် ပါတီမရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် ရွေးကောက်ပွဲအနိုင်ရပါတီများသည် ညွှန်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရခဲ့သော ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ပါတီက ညွှန်ပေါင်းအဖွဲ့တွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။

PML-N ပါတီနှင့် PPP ပါတီတို့သည် အစိုးရအသစ်ဖွဲ့စည်းရာတွင် PML-N ပါတီခေါင်းဆောင်ဖြစ်သလို ဝန်ကြီးချုပ်ဟောင်း သုံးကြိမ်တာဝန်ယူခဲ့ဖူးသော နာဝက်ရှာရစ်ကို ဝန်ကြီး ချုပ်အဖြစ်ခန့်အပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

PML-N ပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော်နေရာပေါင်း ၇၉ နေရာအနိုင်ရခဲ့ပြီး၊ PPP ပါတီက လွှတ်တော်နေရာပေါင်း ၅၄ နေရာတွင်အနိုင်ရခဲ့ကာ ဝန်ကြီးချုပ်ဟောင်း အင် မရမ်ခန်းဦးဆောင်သော PTI-Ind ပါတီက ရွေးကောက်ပွဲတွင် လွှတ်တော်နေရာပေါင်း ၁၁၆ နေရာရရှိခဲ့ကြောင်း သိရသည်။

အစိုးရအသစ်ဖွဲ့စည်းနိုင်ရန်အတွက် လွှတ်တော်နေရာပေါင်း ၂၆၄ နေရာ ရရှိရန်လိုအပ်နေရာ PPP ပါတီနှင့် (PML-N) ပါတီတို့သည် ညွှန်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရန်အတွက် အခြားပါတီငယ်များနှင့် ထပ်မံဆွေးနွေးကာ အစိုးရအသစ်တစ်ရပ်ဖွဲ့စည်းနိုင်ရန် လာမည့်ရက်ပိုင်းအတွင်း ကြိုးပမ်းရဖွယ်ရှိနေသည်။

ပါကစ္စတန်နိုင်ငံတွင် နိုင်ငံရေးပါတီများကြား အစိုးရအသစ်ဖွဲ့စည်းနိုင်ရန် သဘောတူညီမှုမရဘဲ အကြမ်းဖက်မှုများဖြစ်လာမည်ကို စိုးရိမ်မှုများမြင့်တက်နေပြီး စစ်တပ်ကလည်း နိုင်ငံရေးပါတီများ စုစည်းညီညွှတ်ရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net/News

အစိုးရအသစ်ဖွဲ့စည်းရန် ပါကစ္စတန်နိုင်ငံ၏ အင်အားအကြီးဆုံးပါတီကြီးနှစ်ခု သဘောတူညီခဲ့သော်လည်း အစိုးရဖွဲ့နိုင်သည့်မဲအရေအတွက် မရသေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.