အငြင်းပွားပိုင်နက်နယ်မြေမှ တရုတ်စစ်သင်္ဘောများထွက်ခွာရန် ဖိလစ်ပိုင်အစိုးရ တောင်းဆို

မနီလာ၊ မတ် ၂၈

တရုတ်စစ်သင်္ဘောများအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်နားက Ayungin Shoal ကျွန်းနားမှ အမြန်ဆုံးထွက်ခွာရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောများကို ပြီးခဲ့သောရက်ပိုင်းတွင် တရုတ်စစ်သင်္ဘောများက ကြားဖြတ်ဟန့်တားမှုများ ထပ်မံလုပ်ဆောင်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံကြား တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ထိပ်တိုက်တွေ့ဆုံမှုများ၊ တင်းမာမှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်အစိုးရသည် ပြီးခဲ့သောရက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တရုတ်စစ်သင်္ဘော၏ လုပ်ရပ်နှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရကလည်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများကို တားဆီးခဲ့သောနေရာက တရုတ်ပိုင်နက်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ရန်စသောလုပ်ရပ်များကို ရပ်တန့်ရန်တောင်းဆိုခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး တီအိုဒိုရိုက တရုတ်စစ်သင်္ဘောများ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး နိုင်ငံတကာခုံရုံးတွင် ဖြေရှင်းကြရန် စိန်ခေါ်ခဲ့ကြောင်း၊ အငြင်းပွားမှုများကို တရားဝင်ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းက နိုင်ငံတကာခုံရုံးတွင် ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက “ တရုတ်ဟာ အဲဒီလိုမျိုး နိုင်ငံတကာခုံရုံးမှာဖြေရှင်းရမယ့် အခြေနေမျိုးကို နှစ်သက်လိုလားခြင်းမျိုးမရှိဘူး။” ဟု ထပ်မံပြောဆိုထားသည်။

ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများနှင့်ပတ်သက်ပြီး နိုင်ငံတကာခုံရုံးတွင် အမှုရင်ဆိုင်ခဲ့ဖူးပြီး ဖိလစ်ပိုင်က အနိုင်ရခဲ့ဖူးကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

အငြင်းပွားပိုင်နက်နယ်မြေမှ တရုတ်စစ်သင်္ဘောများထွက်ခွာရန် ဖိလစ်ပိုင်အစိုးရ တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.