အင်းတော်ကြီးဒေသတွင် ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးရရှိရန် ခက်ခဲနေ

ရန်ကုန်၊ ဇွန် ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသအတွင်း ငှက်ဖျားရောဂါအဖြစ်များနေပြီး ကုသရန်ဆေးဝါးရရှိရေး ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သော မေလကုန်ပိုင်းကမှစတင်ပြီး ယနေ့အထိ ငှက်ဖျားရောဂါအဖြစ်များလာခြင်းဖြစ်ကာ ငှက်ဖျားပိုးစစ်ဆေးတွေ့ရှိသော်လည်း ဆေးဝါးလိုအပ်သလောက်မရခြင်းကြောင့် အခက်အခဲဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အရင်နှစ်တွေက အင်းတော်ကြီးဒေသမှာ ငှက်ဖျားဖြစ်ပွားတာ သိပ်မရှိခဲ့ဘူး။ ဒီနှစ်မှာတော့ အင်းတော်ကြီးဒေသက ညောင်ပင်၊ ဟွေလုံ၊ နန့်မီးလောင်၊ ချောင်းဝကျေးရွာတွေဘက်မှာလည်း အဖြစ်များနေတယ်။ ရောဂါကတွေ့ပြီး ဆေးဝယ်ရဖို့ခက်နေတာ။ ဝယ်မယ်ဆိုလည်း ဆေးလုံလုံလောက်လောက်မရဘူး။” ၎င်းကဆက်ပြောသည်။

အင်းတော်ကြီးဒေသရှိ ကျေးလက်ကျန်းမာရေးဌာနများသည် ငှက်ဖျားနှင့်ပတ်သက်သည့်ဆေးဝါးများ လုံလောက်မှုမရှိခြင်းကြောင့် ပြင်ပကဆေးဝါးများဝယ်ယူကုသနေရပြီး က လေး၊ လူကြီးများသာမက ကိုယ်ဝန်ဆောင်မိခင်များလည်း ငှက်ဖျားဖြစ်ပွားနေကြောင်း ဒေသခံများထံ သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

အင်းတော်ကြီးဒေသတွင် ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးရရှိရန် ခက်ခဲနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.