ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်း၊ အင်းတကော်မြို့၊ သာယာအေးကျေးရွာအုပ်စု၊ ကွမ်ပေါင်ကျေးရွာတွင် ဒီဇင်ဘာ ၁၇ ရက်၊ နံနက်အစောပိုင်းက ပဲခူးမြစ်ကမ်းပါးပြိုကျခဲ့မှုကြောင့် လူနေအိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အင်းတကော်မြို့၊ ကွမ်ပေါင်ကျေးရွာတွင် ဒီဇင်ဘာ ၁၇ ရက်၊ နံနက် ၄ နာရီခန့်က ပဲခူးမြစ်ကမ်းပါး ပြိုကျမှုကြောင့် ကျေးရွာဆေးပေးခန်းအပါအဝင် လူနေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
“မြစ်ကမ်းပါးပြိုကျမှုကြောင့် ဝါး၊ ဓနိအဆောက်အဦ၊ တိုက်ခံအဆောက်အဦ၊ ပျဉ်ခင်း၊ ပျဉ်ကာအဆောက်အဦ၊ ခြံမြေနဲ့ ကျေးရွာဆေးခန်း တိုက်ခံအဆောက်အဦတို့ ပျက်စီးဆုံးရှုံးခဲ့တာ။ လူနဲ့တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးတာမရှိပါဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု ၉ စုရှိ ဒေသခံ ၄၀ ကျော် အခက်အခဲဖြစ်ပေါ်နေပြီး အကူအညီလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဖောင်တော်ဦးရပ်ကွက်၊ မဇင်းချောင်းဘေးအနီး ကမ်းပါးပြိုကျခဲ့ပြီး လူနေအိမ်တချို့ပျက်စီးခဲ့သေးကြောင်း သိရသည်။
#ခန့်ခန့်
Photo – CJ
#ယနေ့ခေတ်
အင်းတကော်တွင် ပဲခူးမြစ်ကမ်းပါးပြိုကျ နေအိမ် ၉ လုံးပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်