အင်းစိန်မြို့နယ်ရှိ ငါးဖမ်းစက်လှေပေါ်တွင် ရေလုပ်သားတစ်ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ဘက်ရှိ ငါးဖမ်းစက်လှေပေါ်တွင် ရေလုပ်သားတစ်ဦးအိပ်ပျော်နေရာမှ သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ည ၇ နာရီ ဝန်းကျင်ခန့်က အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ဘက်ရှိ ငါးဖမ်းစက်လှေပေါ်တွင် မြောင်းမြမြို့၊ တောင်ကလေးကျေးရွာမှလာသည့် အသက် ၅၂ နှစ်အရွယ် ရေလုပ်သားတစ်ဦး အိပ်ပျော်နေရာမှ သေဆုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြာချက်အရ သိရသည်။

“မနေ့ညက ကျွန်တော့်ကို အကြောင်းကြားတာတော့ ည ၇ နာရီလောက်မှာ။ ငါးဖမ်းစက်လှေပေါ်မှာ အိပ်နေတုန်း သေနေတာလို သိရတယ်။ ပြင်ပဒဏ်ရာတော.မရှိဘူး။ သူတို့က ဂျူတီချိန်ရတယ်လို့ ထင်တယ်။ သေဆုံးသူက အသက် ၅၂ နှစ်လောက်တော့ရှိပြီ။ သူရဲ့နေရပ်က ‌မြောင်းမြမြိုနယ်၊ တောင်ကလေးကျေးရွာ၊ ဧရာဝတီတိုင်းဘက်ကပါ။ ကျွန်တော်တို့ သက်ဆိုင်ရာနဲ့အတူ သူ့မိသားစုကို ချိတ်ဆက်နေပါတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းကို တွဲလက် လူမှုကူညီရေးအသင်းမှ အင်းစိန်ဆေးရုံကြီး ရင်ခွဲရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- တွဲလက်လူမှုကူညီရေး အသင်း

ယနေ့ခေတ်

အင်းစိန်မြို့နယ်ရှိ ငါးဖမ်းစက်လှေပေါ်တွင် ရေလုပ်သားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.