ရန်ကုန်၊ မတ် ၁၀
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ခြေထောက် ရထားဘီးနှင့်ချိတ်မိပြီး ဒဏ်ရာအချို့ရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ရွာမဘူတာအနီးတွင် အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ရထားပေါ်တက်ရာက ၎င်း၏ခြေထောက် ရထားဘီးနှင့်ချိတ်မိပြီး ဒဏ်ရာအချို့ရရှိခဲ့ကြောင်း အင်းစိန်ကြက်ခြေနီအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ မနေ့ကမနက်ပိုင်းက ရွာမဘူတာမှာ သူကရထားစောင့်စီးတာ ရထားပေါ်ကိုတက်ရင်းနဲ့ ခြေချော်ကျတာ။ ရထားဘီးနဲ့ညှပ်ပြီး ညာဘက်ခြေဖနောင့်က ပြတ်ထွက်သွားတာ။ တစ်ချို့နေရာတွေတော့ ပွန်းပဲတာတွေရှိတယ်။ အသက်ကတော့ ၅၀ လောက်ရှိပြီး။” ဟု အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒဏ်ရာရရှိသူအမျိုးသားကို အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းမှ အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- အင်းစိန်မြို့နယ်ကြက်ခြေနီအသင်း
ယနေ့ခေတ်
အင်းစိန်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ခြေထောက် ရထားဘီးနှင့်ချိတ်မိပြီး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်