အင်းစိန်မြို့နယ်တွင် ယာဉ်တိမ်းမှောက် အမျိုးသားတစ်ဦး ဒဏ်ရာရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအနောက် ပုလဲလမ်းမကြီးတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်၍ အမျိုးသားတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ၃ နာရီ ၄၅ မိနစ်ခန့်က အင်းစိန်မြို့နယ်၊ ရွာမအနောက် ပုလဲလမ်းမကြီး၊ သံမဏိစက်ရုံရှေ့တွင် ကုန်တင်ကားတစ်စီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ပြီး ယာဉ်‌မောင်းမှာ ကားခေါင်းခန်းထဲတွင်ညပ်နေ၍ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ ကုန်တင်ကားတစ်စီး အင်းစိန်ရွာမအနောက်မှာ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်သွားတာ။ ယာဉ်မောင်းက ကားခေါင်းခန်းထဲညပ်ပြီး ဒဏ်ရာတွေတော့ရတယ်။ မျက်ခုံးကွဲ၊ ပုခုံးအဆစ် လွဲ၊ တစ်ခြားဒဏ်ရာတွေလည်းရှိတယ်။ မြေပြင်မှတော့ ကုသမှုလုပ်ပေးပါတယ်။” ဟု တွဲလက် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဒဏ်ရာရရှိသူအမျိုးသားကို တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်ပြည့်သူဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက်၊ ည ၈ နာရီ ၁၅ မိနစ်ခန့်ကလည်း အင်းစိန်မြို့ (သီရိမင်္ဂလာ)လမ်းမကြီး DENKO ဆီဆိုင်ရှေ့တွင် တွဲကားနှင့် Lite Tuck ကားမှာ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့ခြင်း ကြောင့်၊ Lite Tuck ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသားနှစ်ဦးတွင် တစ်ဦးမှာ နေရာတွင်သေဆုံးသွားခဲ့ပြီး၊ ကျန်တစ်ဦးမှာ ဆေးရုံပို့ဆောင်ချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-တွဲလက်လူမှုကူညီရေးအသင်း

ယနေ့ခေတ်

အင်းစိန်မြို့နယ်တွင် ယာဉ်တိမ်းမှောက် အမျိုးသားတစ်ဦး ဒဏ်ရာရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.