အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီ အနိုင်ရ

ဂျာကာတာ၊ မတ် ၂၁

အင်ဒိုနိးရှားရွေးကောက်ပွဲကော်မရှင်သည် မတ်လ ၂၀ ရက်နေ့က သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သူစာရင်းကိုထုတ်ပြန်ခဲ့ရာ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီ အနိုင်ရခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူနေသည့် ပရာဘိုဝီသည် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၆၀ ရာခိုင်နှုန်းနီးပါးရရှိခဲ့ပြီး အခြားပြိုင်ဘက်နှစ်ဦးထက် မဲပိုမိုရရှိခဲ့ကြောင်း သိရ သည်။

အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော Anies Baswedan ဆိုသူက ထောက်ခံမဲ ၂၅ ရာခိုင်နှုန်းနှင့် ဂန်ဂျာ ပရာနိုဝီက ထောက်ခံမဲ ၁၆ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲရလဒ်များကို တရားဝင်မထုတ်ပြန်ခင်အချိန်တည်းက ပရာဘိုဝီသည် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သူအဖြစ် သတ်မှတ်ခံထားရကာ ဝေဖန်ဆန့်ကျင့်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ပရာဘိုဝီက “ ကျွန်တော်တို့ဟာ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေတဲ့အတွက် စုစည်းညီညွှတ်ဖို့ ဖိတ်ခေါ်ပါတယ်။” ဟု ပြောသည်။

ပရာဘိုဝီသည် လာမယ့်အောက်တိုဘာတွင် အင်ဒိုနီးရှားလက်ရှိသမ္မတ ဂျိုကိုဝီထံမှ သမ္မတအာဏာကို လွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ရွေးကောက်ပွဲမှာ အင်ဒိုနိးရှားကာကွယ်ရေးဝန်ကြီး အနိုင်ရခဲ့မှုအပေါ် ချီးကျူးဂုဏ်ပြုထားကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်များကို တရားဝင်မထုတ်ပြန်ခင်အချိန်ကတည်းက မဲမသာမှုများရှိသည်ဆိုသော စွပ်စွဲချက်များထွက်ပေါ်ခဲ့ပြီး ပရာဘိုဝီ သမ္မတအဖြစ်တာဝန်ယူမည့်အချက်ကို ကန့်ကွက်ထားကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီ အနိုင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.