အကျဥ်း​ထောင်များရှိ အကျဥ်းသူ၊ အကျဥ်းသားများ၏ မိသားစုဝင်များကို ဧည့်​တွေ့ခွင့် ပြုမည်ဟု သတင်းများထွက်ပေါ်

ရန်ကုန်၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံ အကျဥ်းဦးစီးဌာနလက်​​အောက်မှ အကျဥ်း​ထောင်များရှိ အကျဥ်းသူ၊ အကျဥ်းသားများကို ​အောက်တိုဘာ ၂၄ ရက်မှစတင်ပြီး မိသားစုဝင်များကို ဧည့်​တွေ့ခွင့်ပြုမည်ဖြစ်​ကြောင်း ပြည်ထဲ​ရေးဝန်ကြီးဌာန၏ ​အောက်တိုဘာ ၂၁ ရက် ​နေ့စွဲဖြင့်ထုတ်ပြန်ချက်အရ သိရသည်ဟု လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည့် သတင်းများအရ သိရသည်။

“ ထောင်ဝင်စာတွေ့ခွင့်တွေ ပြန်လည်ခွင့်ပြုတော့မယ့်အကြောင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတယ်။ ဒီသတင်းစကားက မင်္ဂလာသတင်းစကား​လေးဖြစ်ပါ​စေ​နော်။ ​ထောင်မှာရှိ​နေတဲ့ အကျဥ်းသား​တွေ၊ အကျဥ်းသူ​တွေလည်း သူ့မိသားစုနဲ့ ဧည့်​တွေ့ခွင့်ရတာကြားရရင် အလွန်ဝမ်းသာ​နေကြမှာပါ။” ဟု လှိုင်သာယာမြို့ နယ်မှ အကျဥ်ကျခံနေရသူ၏ မိသားစုဝင် တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ ကျွန်တော်တို့ဆီမှာတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးဘူး။ ဒါပေမယ့် တရားဝင်ထုတ်ပြန်လာရင် အဆင်သင့်ဖြစ်အောင် စီစဉ်နေတာတွေရှိပါတယ်။” ဟု ဧရာဝတီတိုင်းအတွင်း ရှိ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

အကျဥ်းဦးစီးဌာန၏လက်​အောက်ရှိ အကျဥ်း​ထောင်များမှ ထောင်ဝင်စာတွေ့လိုသူ မိသားစုဝင်များအ​နေဖြင့် သက်ဆိုင်ရာ အကျဉ်းသူ၊ အကျဉ်းသား၊ အချုပ်သူ၊ အချုပ်သားများ ကိုယ်တိုင်ပါဝင်​သော အိမ်ထောင်စုဇယား၊ မှတ်ပုံတင်တို့ပါတင်ပြမှ ထောင်ဝင်စာနှင့် ဧည့်​တွေ့ခွင့်ရရှိမည်ဖြစ်​ကြောင်း သိရသည်။

ပြည်ထဲ​ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ အကျဉ်းထောင်နှင့် အကျဉ်းစခန်းများရှိ အကျဥ်းသူ၊ အကျဥ်းသားများကို မိသားစုက ပို့​ဆောင်​ပေး​သော စားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန်နှင့် ဖတ်စရာစာအုပ်စာတမ်းများလည်း ပါဆယ်ပေးပို့ခွင့်ကို နှစ်ပတ်တစ်ကြိမ် အကျဉ်းဦးစီးဌာနကတစ်ဆင့် ​ပေးပို့​ပေးခဲ့​ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ​အောက်တိုဘာ ၁၉ ရက်က ရန်ကုန်အင်းစိန်(ဗဟို)အကျဉ်းထောင်၌ အကျဉ်းသားများအတွက် ပါဆယ်လက်ခံသည့် အဆောက်အဦးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အကျဉ်းထောင်ဝန်ထမ်းသုံးဦးအပါအဝင် စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပြီး၊ ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

#ယနေ့ခေတ်

အကျဥ်း​ထောင်များရှိ အကျဥ်းသူ၊ အကျဥ်းသားများ၏ မိသားစုဝင်များကို ဧည့်​တွေ့ခွင့် ပြုမည်ဟု သတင်းများထွက်ပေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.