မော်စကို၊ မေ ၁၅
ရုရှားသမ္မတ ပူတင်သည် ကာကွယ်ရေးဝန်ကြီးကို အပြောင်းအလဲလုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကို ထပ်မံဖမ်းဆီးလိုက်ကြောင်းသိရသည်။
ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းရေးရာအကြီးအကဲတစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီး Yury Kuznetsov ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရုရှားအစိုးရသည် အဆိုပါဗိုလ်ချုပ်ကြီးကို အကျင့်ပျက်လာဘ်စားမှုများ ကျူးလွန်ခဲ့သည်ဟု သံသယရှိသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားစုံစမ်းရေးကော်မတီက အဆိုပါဗိုလ်ချုပ်ကြီးသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အကျင့်ပျက်လာဘ်စားမှုများ လုပ်ဆောင်ကာ ငွေကြေးအများအပြား ရယူခဲ့သည်ဟုပြောသည်။
ရုရှားအာဏာပိုင်များသည် အဆိုပါဗိုလ်ချုပ်ကြီး၏အိမ်ကို စီးနင်းရှာဖွေချိန်အတွင်း ရုရှားနိုင်ငံသုံးငွေကြေး တစ်သန်းကျော်အပြင် နိုင်ငံခြားသုံးငွေကြေးများ၊ ရွေဒင်္ဂါပြားများ၊ တန်ဖိုးကြီးနာရီများ၊ အခြားဇိမ်ခံပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောသည်။
ရုရှားတရားသူကြီးများကလည်း အဆိုပါဗိုလ်ချုပ်ကြီးကို အကျဉ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ထားရန် တောင်းဆိုမှုများကို လက်ခံခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
rt.com
အကျင့်ပျက်လာဘ်စားမှုများကြောင့် ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကို ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်