အက်ဖ် ၁၆ တိုက်လေယာဉ်များကို ပစ်ချမည်ဟု ရုရှားသမ္မတ သတိပေး

မော်စကို၊ မတ် ၂၉

ရုရှားသမ္မတ ပူတင်က ၎င်းတို့သည် နေတိုးအဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်ရန်အစီအစဉ်မရှိသော်လည်း ယူကရိန်းနိုင်ငံတွင်အသုံးပြုမည့် အက်ဖ် ၁၆ တိုက်လေယာဉ်များကို ပစ်ချသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီပေးမည်ဆိုလျှင် အက်ဖ် ၁၆ တိုက်လေယာဉ်များ ပစ်ချခံရမည်ဟု ရုရှားသမ္မတက ပြောသည်။

ရုရှားသမ္မတပူတင်က “ ကျွန်တော်တို့ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ရန်လိုတဲ့ကျူးကျော်တိုက်ခိုက်မှုမျိုး မလုပ်ပါဘူး။ ဒါပေမယ့် ရုရှားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ပိုလန်၊ ချက်နဲ့ ဘော်တစ်နိုင်ငံတွေဟာ စိုးရိမ်နေကြတယ်။ အဲဒီထင်မြင်ယူဆချက်က မှန်ကန်မှုမရှိဘူး။” ဟု ပြောသည်။

အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးရန် ကတိပြုထားကြောင်း၊ ယူကရိန်းသည် အက်ဖ် ၁၆တိုက်လေယာဉ်များ အသုံးပြုလာမည်ဆိုလျှင် ပစ်ချခံရမည်ဖြစ်ကြောင်း၊ ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးရုံဖြင့် စစ်ပွဲ၏မြေပြင်အခြေနေကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ရုရှားသမ္မတက ပြောသည်။

ရုရှားနှင့် ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net/News

အက်ဖ် ၁၆ တိုက်လေယာဉ်များကို ပစ်ချမည်ဟု ရုရှားသမ္မတ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.