ဝါရှင်တန်၊ ဧပြီ ၁၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့သည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ကန့်သတ်ဖိအားပေးရန် အမေရိကန်ကုန်သွယ်ဖက်များအား အကောက်ခွန်မဲ့ညှိနှိုင်းမှုများကို ဆက်လက်အသုံးပြုရန် စီစဉ်နေကြောင်း The Wall Street Journal က အင်္ဂါနေ့တွင်ဖော်ပြခဲ့သည်။
အမေရိကန်တာဝန်ရှိသူများသည် နိုင်ငံပေါင်း ၇၀ ကျော်နှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ပြီး တရုတ်နိုင်ငံမှကုန်ပစ္စည်း များကို ၎င်းတို့၏နိုင်ငံများမှဖြတ်သန်းကာ အမေရိကန်သို့တင်ပို့ခြင်းအား တားမြစ်ရန်နှင့် အမေရိကန်၏အခွန်စည်းကြပ်မှုများကို ရှောင်ရှားနိုင်ရန် ၎င်းတို့၏နယ်မြေများတွင် တရုတ်ကုမ္ပဏီများထားရှိခြင်းကိုတားမြစ်ရန် တောင်းဆိုထားကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
Ref: Reuters
#ယနေ့ခေတ်
အကောက်ခွန်ဆိုင်ရာညှိနှိုင်းမှုများကိုအသုံးပြုပြီး တရုတ်နိုင်ငံကို သီးခြားခွဲထားရန် အမေရိကန်စီစဉ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်