ဝါရှင်တန်၊ ဇွန် ၂၈
ဟွန်ဒူးရက်သမ္မတဟောင်း ဂျွန်အော်လန်ဒို ဟာနန်ဒက်ကို အမေရိကန်နိုင်ငံသို့ မူးယစ်ဆေးဝါးတင်ပို့နေသော သင်္ဘောများကို ဖုံးကွယ်ထားပေးရန် လာဘ်ငွေယူခဲ့မှုများနှင့်ပတ်သက်ပြီး ထောင်ဒဏ် ၄၅ နှစ်အပြင် ငွေဒဏ်ဒေါ်လာရှစ်သန်း ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ကြောင်း အမေရိကန်တရားရုံးက သတင်းထုတ်ပြန်လိုက်သည်။
ဟွန်ဒူးရက်အစိုးရသည် ၂၀၂၂ ခုနှစ်တွင် သမ္မတဟောင်း အော်လန်ဒိုကို အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် အမေရိကန်တရားရုံးက သမ္မတဟောင်းအပေါ် စွဲဆိုထားသော စွဲချက်များကို စစ်ဆေးခဲ့ပြီးနောက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၅၅ နှစ်အရွယ်ရှိ အော်လန်ဒိုသည် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများရှိခဲ့သူဖြစ်ကြောင်း၊ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ဟွန်ဒူးရက်စ်နိုင်ငံမှတဆင့် အမေရိကန်နိုင်ငံသို့ ကိုကင်းတန်ချိန် ၄၀၀ ကျော်တင်ပို့ခြင်းကို လာဘ်ငွေရယူကာ ဖုန်းကွယ်ပေးခဲ့ကြောင်း အမေရိကန်အစိုးရက ပြောသည်။
အော်လန်ဒိုသည် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ကိုကင်းကုန်သွယ်မှုများကို အကာကွယ်ယူရန် ဟွန်ဒူးရက်ရဲတပ်ဖွဲ့ကို အသုံးချခဲ့ကြောင်း အမေရိကန်အစိုးရှေ့နေများက ပြော သည်။
ဟွန်ဒူးရက်စ်သမ္မတဟောင်း အော်လန်ဒို ဟာနန်ဒက်က “ ကျွန်တော် ဘာမှမသိဘူး၊ မှားယွင်းစွပ်စွဲခံရပြီး မျှတမှုမရှိဘူး။” ဟု ပြောသည်။
ကောင်းထက်ငွေ
apnews.com
ဟွန်ဒူးရက်သမ္မတဟောင်းကို အမေရိကန်တရားရုံးက ထောင်ဒဏ် ၄၅ နှစ်နှင့် ငွေဒဏ် ဒေါ်လာရှစ်သန်း အမိန့်ချမှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်