ဟေတီနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား ဝန်ကြီးချုပ်ပြည်ပထွက်ပြေးပြီး ကျောင်းများနှင့် ဆေးရုံများပိတ်ထားခဲ့ရ ဟုဆို

ဟေတီ၊ မတ် ၅

ဟေတီနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံမြို့တော် Port-au-Prince တွင် နေထိုင်နေသူများသည် မရှိမဖြစ်လိုအပ်သောပစ္စည်းများကို စွန့်စားဝယ်ယူခဲ့ရကြောင်း သိရသည်။

အကျဉ်းထောင်အတွင်းမှ ထွက်ပြေးလွှတ်မြောက်သွားသော အကျဉ်းသားထောင်ချီသည် အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း ဟေတီအာဏာပိုင်များက နိုင်ငံအရေးပေါ်အခြေနေကြေညာခဲ့ရပြီး ဝန်ကြီးချုပ်ကလည်း ပြည်ပတွင်ရှိနေကြောင်း သိရသည်။

ကင်ညာနိုင်ငံကိုရောက်ရှိနေသော ဝန်ကြီးချုပ်သည် ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားသော ရဲတပ်ဖွဲ့ဝင်များကို ဟေတီနိုင်ငံကိုစေလွှတ်ပေးစေရန် တွန်းအားပေးနေရ ကြောင်း သိရသည်။

အဆိုပါမြို့ကို လက်နက်ကိုင်ဂိုဏ်းအဖွဲ့များ ထိန်းချုပ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုအသစ်များ ထပ်မံဖြစ်လာခဲ့ကြောင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြို့အတွင်းတွင် စာသင်ကျောင်းများ၊ ဘဏ်များပိတ်ထားခဲ့ရပြီး ဒေသခံများသည် ဘေးကင်းစေရန်အတွက် စာသင်ကျောင်းများ၊ ဘောလုံးကွင်းများ၊ အများပြည်သူဆိုင်ရာအဆောက်အဦးများတွင် ယာယီနေထိုင်နေရကြောင်း သိရသည်။

ဟေတီနိုင်ငံတွင် အကျဉ်းသားထောင်နှင့်ချီပြီး ထွက်ပြေးလွှတ်မြောက်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သောသီတင်းပတ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများစတင်ခဲ့ရာ ဆေးရုံများကိုလည်း ဆိုင်းငံ့ထားရကြောင်း သိရသည်။

အကြမ်းဖက်မှုများကြောင့် ဟေတီနိုင်ငံတွင် လူပေါင်းဒါဇင်နှင့်ချီပြီး သေဆုံးခဲ့ရကြောင်း နိုင်ငံတာသတင်းများတွင် ဖော်ပြထားသည်။

ဟေတီနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသား ၃၈၀၀ ကျော် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဟေတီအစိုးရသည် အကျဉ်းထောင်ဖောက်ပြေးကာ အကြမ်းဖက်မှုကျူးလွန်နေသည့် ဂိုဏ်းများကို ဖြိုခွင်းနိုင်ရန် ကြိုးပမ်းနေသော်လည်း အဆိုပါအကြမ်းဖက်အုပ်စုများ အသုံးပြုသောလက်နက်များက ရဲတပ်ဖွဲ့အသုံးပြုသော လက်နက်များထက် ပိုမိုကောင်းမွန်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

thaipbsworld.com

ဟေတီနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား ဝန်ကြီးချုပ်ပြည်ပထွက်ပြေးပြီး ကျောင်းများနှင့် ဆေးရုံများပိတ်ထားခဲ့ရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.