ဝါရှင်တန်၊ ဇန်နဝါရီ ၁၈
အမေရိကန်အစိုးရသည် ပင်လယ်နီဒေသမှ ဖြတ်သန်းနေသော ကုန်စည်သင်္ဘောများကို တိုက်ခိုက်နေသည့် ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့စည်းအဖြစ် ပြန်လည်သတ် မှတ်လိုက်ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် လက်ရှိအချိန်တွင်လည်း ဟူသီလက်နက်ကိုင်အုပ်စုများ ထိန်းချုပ်ထားသော ယီမင်နိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး၊ အကြမ်းအဖွဲ့အ စည်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က ဟူသီလက်နက်ကိုင်အုပ်စုကို အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ထားသော်လည်း လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်လက် ထက်တွင် အကြမ်းဖက်စာရင်းမှ ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့စည်းအဖြစ် ပြန်သတ်မှတ်လိုက်ခြင်းသည် ဟူသီလက်နက်ကိုင်အုပ်စုကို ငွေကြေးနှင့် စစ်လက်နက်ပစ္စည်းများ မရယူနိုင်ရန် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရ သည်။
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်က “ ဟူသီလက်နက်ကိုင်အုပ်စုကို ထောက်ခံငွေမရစေဖို့ အခုလိုမျိုးလုပ်ဆောင်ခဲ့တာပါ။အကြမ်းဖက်အ ဖွဲ့စည်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဟူသီလက်နက်ကိုင်အုပ်စုရဲ့ ဘဏ်အကောင့်တွေနဲ့ အခြားဘဏ္ဍာရေးဈေးကွက်အတွင်းက ရရှိနိုင်တာတွေကို ကန့်သတ်သွားမယ်။ဟူသီ လက်နက်ကိုင်အုပ်စုဟာ ပင်လယ်နီဒေသနဲ့ အေဒင်ပင်လယ်အတွင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆာင်နေမယ်ဆိုရင် တုံ့ပြန်ရမယ်။” ဟု ပြောသည်။
ဟူသီလက်နက်ကိုင်အုပ်စုအပေါ် ချမှတ်လိုက်သော အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်မှုက ရက်ပေါင်း ၃၀ ကျော်အတွင်း သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း သိရသည်။
ဂါဇာစစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းကတည်းက ဟူသီလက်နက်ကိုင်အုပ်စုများသည် ပင်လယ်နီဒေသအတွင်းမှ ဖြတ်သန်းနေသော ကုန်စည်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက် မှုအနည်းဆုံး အကြိမ်ပေါင်း ၃၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဟူသီလက်နက်ကိုင်အုပ်စု၏ တိုက်ခိုက်မှုကြောင့် ကုန်စည်သင်္ဘောများသည် ပင်လယ်နီဒေသမှဖြတ်သန်းရသည့် ရေလမ်းကြောင်းကို ရှောင်ရှားပြီး အခြားရေလမ်းကြောင်းကို ပြောင်းလဲလာခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရက ဟူသီလက်နက်ကိုင်အုပ်စုအပေါ် ချမှတ်လိုက်သော အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ချက်ကို ယီမင်ပြည်သူများ ထိခိုက်မှုမဖြစ်အောင် ရည်ရွယ်လုပ် ဆောင်ခြင်းများပြုလုပ်မည်ဟု သတင်းထုတ်ပြန်ထားသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဟူသီလက်နက်ကိုင်အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်သတ်မှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်