ဟိုပုံးမြို့နယ်တွင် ရေဘေးကြောင့် မြေအောက်နစ်မြုပ်သွားသည့် ရေဘေးသင့်များ အကူအညီလိုအပ်နေ

ရန်ကုန်၊  နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် ရေဘေးကြောင့် မြေပြိုကာအိမ်ပါသွားခဲ့သည့်ဒေသခံများ အကူအညီလိုအပ်နေကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်ကစတင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်၊ လွယ်မောတောင်တကြောရှိ ကျေးရွာ ၁၀ ရွာခန့်မှ အိမ်ထောင်စု ၄၀၀ ကျော် ရေဘေးသင့်ခဲ့သလို မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုကြောင့်အိမ် ၉၇ လုံး မြေအောက်ကိုရောက်ရှိခဲ့ရကာ ယခုအထိ ပြန်လည်ရှာတွေ့ခြင်းမရှိသေးဘဲ အကူ အညီလိုအပ်နေကြောင်း သိရသည်။

“လတ်လောရေဘေးသင့်တွေအတွက် နေအိမ်အဆောက်အဦးတစ်ခုခု ဆောက်လုပ်နေထိုင်ရဖို့ အကူအညီလိုအပ်နေပါတယ်။ ပြီးတော့ လက်ရှိမှာအစားအသောက်အတွက် အခက်အခဲတွေရှိနေကြတယ်။ ရေဘေးသင့်တွေကို လောလောဆယ်က ဘုန်းကြီးကျောင်းတွေကပဲ ကျွေးနေရတယ်။” ဟု ကူညီပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါဒေသတွင် ရေဘေးဒဏ်ကြောင့် နေအိမ်အဆောက်အဦးများအပြင် စာသင်ကျောင်း၊ ဆေးပေးခန်းများနှင့် လမ်းတံတားများ၊ ဓာတ်တိုင်၊ ဓာတ်ကြိုးများပါပျက်စီးခဲ့ပြီး ယခုအခါ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

#ခန့်ခန့်

Photo – CJ

#ယနေ့ခတ်

ဟိုပုံးမြို့နယ်တွင် ရေဘေးကြောင့် မြေအောက်နစ်မြုပ်သွားသည့် ရေဘေးသင့်များ အကူအညီလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.