ဟားမက်စ် လက်နက်ကိုင်အဖွဲ့ ရွေးချယ်စရာ တတိယနည်းလမ်းမရှိကြောင်း အစ္စရေးစစ်ဘက် သတိပေး

တဲလ်အဗစ်၊ နိုဝင်ဘာ ၂

အစ္စရေး ကာကွယ်ရေးဝန်ကြီးက ဟားမက်စ်လက်နက်ကိုင်အဖွဲ့အတွက် ရွေးချယ်စရာ တတိယနည်းလမ်း ရှိမည်မဟုတ်ကြောင်း၊ ဟားမက်စ် လက်နက်ကိုင်အဖွဲ့သည် လက်နက်ချ ခြင်း သို့မဟုတ် သေဆုံးခြင်းမျိုးသာ တွေ့ကြုံရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်က “ ဟားမက်စ် လက်နက်ကိုင်အဖွဲ့အတွက် တတိယရွေးချယ်စရာဆိုတာ ရှိမှာမဟုတ်ဘူး။” ဟု နိုဝင်ဘာ ၁ ရက်နေ့ က နိုင်ငံပိုင်ရုပ်သံက တဆင့် မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကလည်း ဂါဇာဒေသကို ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ရန် နိုင်ငံတကာအဖွဲ့စည်းများ၏ တောင်းဆိုမှုများကို ပယ်ချထားပြီး ဟားမက်စ်အဖွဲ့ကို အပြီးသတ်အနိုင်ရချိန်အထိ ဆက်လက်တိုက်ခိုက်သွားဖို့ ဆန္ဒရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းက ထုတ်ဖော်ပြောဆိုထားသည်။

အစ္စရေးသည် အစ္စရေးနိုင်ငံသား ထောင်နှင့်ချီသေဆုံးကာ လူပေါင်း ၂၃၀ ကျော်ကို ပြန်ပေးဆွဲခဲ့သော ဟားမက်စ်အဖွဲ့၏ လုပ်ရပ်များကို လက်တုံ့ပြန်မှုအဖြစ် အောက်တိုဘာ ၇ ရက်နေ့တည်းက ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး ၈၀၀၀ ကျော် သေဆုံးထားကြောင်း သိရသည်။

အစ္စရေးသည် ဂါဇာဒေသကို စတင်တိုက်ခိုက်ချိန်တည်းက ဝန်းရံပိတ်ဆို့ထားရာ ပါလက်စတိုင်းလူမျိုး ၂ ဒသမ ၄ သန်းအတွက် အစားစာ၊ ရေနှင့် ဆေးဝါး များ ကုန်းခမ်းခါနီးနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က သတိပေးထားသည်။

ဂါဇာဒေသအပေါ် ပြုလုပ်နေသည့် အစ္စရေး၏ တိုက်ခိုက်ခိုက်မှုများ ရပ်တန့်ရန် နိုင်ငံတကာအဖွဲ့စည်းများက တောင်းဆိုနေသော်လည်း အစ္စရေးက တောင်းဆိုမှုများကို ပယ်ချကာ ဂါဇာဒေသကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဟားမက်စ်အဖွဲ့နှင့် အစ္စရေးနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲအတွင်း အရပ်သားများကို အကာအကွယ်ပေးရန် တောင်းဆိုထား ကြောင်း သိရသည်။

#ကောင်းထက်ငွေ

alarabiya.net

#ယနေ့ခေတ်

ဟားမက်စ် လက်နက်ကိုင်အဖွဲ့ ရွေးချယ်စရာ တတိယနည်းလမ်းမရှိကြောင်း အစ္စရေးစစ်ဘက် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.