ဟားမက်စ်အဖွဲ့၏ ကမ်းလှမ်းမှုအသစ်များကို ဆွေးနွေးနိုင်ရန် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

တဲလ်အဗစ်၊ ဇူလိုင် ၅

ဖမ်းဆီးခံထားရသူများ ပြန်လည်လွှတ်မြောက်စေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပေးသွားမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဖုန်းဆက်ဆွေးနွေးပြီးနောက် ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲသည် အချိန် ၉ လနီးပါးရှိလာချိန်တွင် အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးသလို ဖမ်းဆီးခံရသူများ အားလုံးပြန်လွှတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။

ဟားမက်စ်အုပ်စုသည် အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ရာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲတွင် ပြန်ပေးဆွဲခံရသူ ၁၀၀ ကျော်ကျန်ရှိနေကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်သည် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း မည့်သည့်နိုင်ငံသို့စေလွှတ်ပြီး၊ မည့်သည့်အချိန်တွင်စေလွှတ်မည်ကို အတိအကျပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်ရုံးက “ အစ္စရေးဝန်ကြီးချုပ်ဟာ ပြန်ပေးဆွဲခံရသူတွေ ပြန်လွှတ်မြောက်ရေးဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ကိုစေလွှတ်မယ့်ကိစ္စကို အမေရိကန်သမ္မတကို ပြော ဆိုခဲ့တယ်။” ဟု ပြောသည်။

အမေရိကန်အစိုးရအဖွဲ့ကလည်း သမ္မတဂျိုးဘိုင်ဒန်သည် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် အစ္စရေးနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်သွားမည့်အစီအစဉ်ကို လက်ခံကြိုဆိုခဲ့ကြောင်း ပြောသည်။

အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး၊ ဖမ်းဆီးခံထားရသူများ အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် သဘောထားအမြင် ကွဲလွဲနေသော်လည်း ကာတာ၊ အမေရိကန် နှင့် အီဂျစ်နိုင်ငံတို့က သဘောထားအမြင်ကွဲလွဲချက်များ လျော့နည်းစေရန် ထပ်မံကြိုးပမ်းနေကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ဟားမက်စ်အဖွဲ့၏ ကမ်းလှမ်းမှုအသစ်များကို ဆွေးနွေးနိုင်ရန် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.