ဟားမက်စ်အဖွဲ့အပြင် လစ်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာအဖွဲ့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက် ဆို

တဲလ်အဗစ်၊ အောက်တိုဘာ ၁၁

အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ အပြင် လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဟစ်ဘိုလာအုပ်စုသည် အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကက်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးဘက်က တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ဆီးရီးယား လက်နက်ကိုင်အဖွဲ့နှင့် ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့များက အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကတ်များ ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာ ၁၀ ရက်နေ့တွင် အစ္စရေးနိုင်ငံ Arab al-Aramshe မြို့အနီးရှိ အစ္စရေးစစ်အခြေစိုက်စခန်းတစ်ခုကို တင့်ကားဖျက်ဒုံးကျည်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က အတည်ပြုထားသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဟစ်ဘိုလာအုပ်စုကို စစ်ပွဲထဲသို့ ပါဝင်လာခြင်း မလုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း သိရ သည်။

အစ္စရေးနှင့် ပါလက်စတိုင်းကြား ဖြစ်ပွားလျက်ရှိနေသည့် စစ်ပွဲသည် အောက် တိုဘာ ၁၁ ရက်နေ့အထိ ၄ ရက်ကြာမြင့်နေပြီး အနည်းဆုံးလူပေါင်း ၂၀၀၀ ကျော် သေဆုံးထား ကြောင်း သိရသည်။

အစ္စရေး လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် အိုမာတစ်လာက အစ္စရေးတိုက်လေယာဉ်များသည် ဂါဇာကမ်းမြောင်ဒေသကို သမိုင်းမှာမကြုံဖူးသော ဗုံးကြဲတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်နေ ကြောင်း ပြောသည်။

၎င်းက “ ဂါဇာကမ်းမြောင်ဒေသကို သမိုင်းမှာမကြံဘူးတဲ့ပုံစံမျိုးနဲ့ တိုက်ခိုက်နေတယ်။ ဂါဇာဒေသဟာ အရင်တုန်းက မတွေ့ကြုံဖူးတဲ့ပုံစံမျိုးနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတယ်.။ ဟား မက်စ်တွေဟာ ကျွန်တော်တို့ကို ရော့ကက်ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာမျိုးတွေ ရှိနေဆဲဖြစ်ပါတယ်။” ဟုပြောသည်။

ပါလက်စတိုင်းသည် အစ္စရေးနိုင်ငံနှင့်အတူ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်ခွင့်မရဘူးဆိုလျှင် အရှေ့အလယ်ပိုင်းဒေသတွင် လုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး ရရှိမည်မဟုတ်ကြောင်း ဂျော်ဒန်ဘုရင် အဒူလာက ပြောသည်။

ဂါဇာနယ်စပ်ဒေသအနီးတွင် အစ္စရေးတပ်ဖွဲ့ဝင်များသည် ဟားမက်အဖွဲ့များအပေါ် မြေပြင်ထိုးစစ်ဆင်နွဲရန် အဆင့်သင့်ရှိနေကြောင်း၊ အစ္စရေးတပ်ဖွဲ့များပြုလုပ်မည့် မြေပြင်ထိုးစစ် မစ်ရှင်က ဟားမက်စ်အဖွဲ့၏ စစ်ရေးစွမ်းဆောင်ရည်မရှိအောင် လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း အစ္စရေးစစ်ဘက်က ပြောသည်။

ကောင်းထက်ငွေ

alarabiya.net

#ယနေ့ခေတ်

ဟားမက်စ်အဖွဲ့အပြင် လစ်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာအဖွဲ့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.