ဝါရှင်တန်၊ ဇန်နဝါရီ ၆
ဟားမက်စ်လက်နက်ကိုင်အဖွဲ့၏ ဘဏ္ဍာရေးကွန်ရက် လမ်းကြောင်းများနှင့်ပတ်သက်ပြီး အဓိကတာဝန်ရှိသူငါးဦးကို သတင်းပေးနိုင်မည်ဆိုပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းချီးမြှင့်သွားမည်ဟု အမေရိကန်အစိုးရက သတင်းထုတ်ပြန်လိုက်သည်။
ဟားမက်စ်အဖွဲ့ကို ငွေကြေးကူညီထောက်ပံ့ပေးနေသူများထဲတွင် တူရကနိုင်ငံအခြေစိုက်သုံးဦး၊ ဆူဒန်နိုင်ငံအခြေစိုက်တစ်ဦးနှင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်တို့ အဓိကပါဝင်နေ ကြောင်း သိရသည်။
ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်သည် ကမ္ဘာအကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ထားသော ဟားမက်စ်လက်နက်ကိုင်အုပ်စုများကို ပစ်မှတ်ထားပိတ်ဆို့မှု လေးကြိမ်ချမှတ်ခဲ့ပြီးနောက် ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး ကူညီပေးနေသူများကို ဆုကြေးငွေထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရက ဟားမက်စ်အဖွဲ့ ဝင်ငွေရရှိစေမည့် အရင်းမြစ်၊ အဓိကကူညီထောက်ပံ့ပေးနေသူ၊ ဟားမက်စ်ကို ငွေကြေးလွှဲပြောင်းပေးနေသော လမ်းကြောင်းနှင့် နည်းပညာ ကုမ္မဏီများ၊ ဟားမက်စ်အဖွဲ့ အကျိုးကျေးဇူးဖြစ်စေမည့် လုပ်ငန်းများကို သတင်းပေးနိုင်မည်ဆိုပါက ဆုကြေးငွေပေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။
အမေရိကန်အစိုးရသည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်နေသည့်အတွက် အမေရိကန်နိုင်ငံခြားရေးဝန် ကြီး အန်တိုနီဘလီကန်ကို အရှေ့အလယ်ပိုင်းဒေသသို့ ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။
ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲက ရက်ပေါင်း ၉၀ နီးပါး ရှိနေပြီး စစ်ပွဲက ဂါဇာဒေသထက် ကျော်လွှန်ဖြစ်လာနိုင်မည့် အလားလာများရှိနေကြောင်း သိရ သည်။
ဟားမက်စ်အဖွဲ့ကို ငွေကြေးကူညီပေးနေသူများသတင်း ပေးနိုင်လျှင် ဒေါ်လာ ၁၀ သန်း ဆုချီးမြှင့်မည်ဟု အမေရိကန်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်