ဟစ်ဘိုလာအုပ်စု၏ တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံ ဖျက်ဆီးခံရမည်ဟု အစ္စရေးဝန်ကြီးချုပ် သတိပေး

တဲလ်အဗစ်၊ ဒီဇင်ဘာ ၃

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားသော ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် လက်ဘနွန် နိုင်ငံ ဖျက်ဆီးခံရမှု များ တွေ့ကြုံရဖွယ်ရှိနေကြောင်း သတိပေးလိုက်သည်။

အစ္စရေးစစ်တပ်သည် ဟစ်ဘိုလာအုပ်စုများ၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကာကွယ်မှုများ၊ ပြင်းထန်သောဟန့်တားမှုများ လုပ်ဆောင်ရန် မူဝါဒများချ မှတ်ထားပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောသည်။

အစ္စရေးဝန်ကြီးချုပ်က “ ကျွန်တော်တို့ အစ္စရေးနိုင်ငံကို တိုက်ခိုက်နေတဲ့ ဟစ်ဘိုလာအုပ်စုရဲ့ ကြိုးပမ်းမှုအားလုံးကို တားဆီးဟန့်တားနိုင်ဖို့ နိုင်ငံမြောက်ပိုင်းမှာ လိုအပ်တာတွေ လုပ်ဆောင်နေရတယ်။ ကျွန်တော်တို့ဟာ နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသမှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့သူတွေကို သုတ်သင်ဖျက်ဆီးတယ်။ အဲဒီအကြမ်းဖက်အုပ်စုတွေကို နယ်စပ်ဒေသအနားကို မရောက်လာနိုင်အောင် လုပ်ဆောင်ကြတယ်။ ဟစ်ဘိုလာအပါအဝင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးပစ်တယ်။ ကျွန်တော်တို့ဟာ နိုင်ငံမြောက်ပိုင်းကို အခိုင်အမာကာကွယ်တာဆီးမှုတွေ လုပ်ဆောင်သလို တောင်ပိုင်းမှာလည်း နိုင်ပွဲအပြည့်အဝ ရယူဖို့ကြိုးပမ်းနေတယ်။ ကျွန်တော်တို့ဟာ နိုင်ငံ မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ လုံခြုံရေးအပြည့်အဝရယူထားတယ်။ ဟစ်ဘိုလာအုပ်စုဟာ အမှားအယွင်းတွေ လုပ်ဆောင်မယ်ဆိုရင်တော့ ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲဖြစ်လာနိုင်ပြီး လက်ဘနွန်နိုင်ငံ ဖျက်ဆီးခံရဖွယ်ရှိနေတယ်။” ဟု ပြောသည်။

အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းကတည်းက ဟစ်ဘိုလာအုပ်စုများသည် အစ္စရေးနိုင်ငံဘက်ခြမ်းကို အမြှောက်များ၊ ရော့ကဒ်ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့် ဟစ်ဘိုလာအုပ်စုများသည် အစ္စရေး-လက်ဘနွန် နယ်စပ်ဒေသတွင် မကြာခဏအပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

#ကောင်းထက်ငွေ

alarabiya.net

#ယနေ့ခေတ်

ပုံ- အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု

ဟစ်ဘိုလာအုပ်စု၏ တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံ ဖျက်ဆီးခံရမည်ဟု အစ္စရေးဝန်ကြီးချုပ် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.