ရန်ကုန် ၊ စက်တင်ဘာ ၁၅
သံဖြူဇရပ်မြို့၊ အောင်ကုသိုလ် ရပ်ကွက်၌ စက်တင်ဘာ ၁၅ ရက်၊ ယနေ့ နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် မီးကြိုးခိုးယူခဲ့သည့် အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ်၌ ဓာတ်လိုက်သေဆုံး နေကြောင်း သိရသည်။
သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်ရှိ ဓာတ်တိုင်ပေါ်မှ မီးကြိုခိုးယူရန်ကြိုးစားသည့် အမျိုးသားတစ်ဦးအား ဓာတ်လိုက်သေဆုံးနေသည်ကို သိရ၍ ဓာတ်တိုင်ပေါ်မှာ အောက်သို့ ကြိုးနှင် ချပေးခဲ့ကြောင်း စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မနက် ၃ နာရီ၊ ၄ နာရီ လောက် စဖြစ်တာပေါ့။ သူကတော့အဲ့အချိန်က အပေါ်မှာပဲ ရှိနေတယ်။ ကျွန်တော်တို့ကို အကြောင်းကြားလာတာက ၆ နာရီခွဲ ဝန်းကျင်လောက်မှာ ပတ်ဝန်း ကျင်ကနေအကြောင်းကြာတာ။ သူတို့ကမိုးလင်းလောက်မှာ ဓာတ်ကြိုးပေါ်မှာတွေ့တယ်ဆိုပြီး ကျွန်တော်တို့ကိုပြောတာ ကျွန်တော်တို့ရောက်တော့ သူက ဓာတ်ကြိုးပေါ်မှာ တွဲ လောင်းကြီး။ ပြီးမှ ကြိုးနဲ့ အောက်ချတာ။”ဟု စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။
မီးကြိုးခိုး ဓာတ်လိုက်သေဆုံးခဲ့သည့် အမျိုးသားကို စေတနာရှင် လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းတို့မှ သံဖြူဇရပ် ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရ သည်။
အလားတူ စက်တင်ဘာ ၃ ရက်၊ နံနက် ၆ နာရီတွင် ဖားကန့်မြို့နယ်၊ ဆိပ်မှုကြီးကျေးရွာ၊ မှောရှန် ရပ်ကွက်၊ သင်္ခါရ လူမှုကူညီရေးရုံးအနီးရှိ ထရန်စဖော်မာအိုးပေါ်တွင် မီးကြိုးခိုး ယူရန် ကြိုးစားသည့်အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-စေနာရှင် လူမှုကယ်ဆယ်ရေးအသင်း
သံဖြူဇရပ်မြို့၌ ဓာတ်တိုင်ပေါ်မှ မီးကြိုးခိုးယူသူတစ်ဦး ဓာတ်လိုက်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်