ရန်ကုန်၊ မေ ၂၄
မြန်မာ့လေကြောင်းလိုင်းက သံတွဲ-ရန်ကုန်လေကြောင်းခရီးစဥ်ကို လာမည့်ဇွန်လမှစတင်၍ တစ်ပတ်လျှင်တစ်ကြိမ်သာ ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းဦးစီးဌာနမှ သိရသည်။
အဆိုပါ သံတွဲ-ရန်ကုန် လေကြောင်းခရီးစဥ် စျေးနှုန်းမှာ ၁၈၅,၀၀၀ ကျပ်နှုန်းဖြစ်ကြောင်းနှင့် လေယာဥ်လက်မှတ်များကို ဇွန်လ ၂ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းဦးစီးဌာနမှ သိရသည်။
“ သံတွဲ-ရန်ကုန်လေကြောင်းခရီးစဥ်တွေကို တစ်ပတ်ကိုတစ်ကြိမ်ပဲ ပြေးဆွဲတော့မယ်။ လာမယ့်ဇွန် ၂ ရက်နေ့မှာ လေယာဥ်လက်မှတ်တွေ ရောင်းချပေးမယ်။ လေယာဥ်လက်မှတ်စျေးနှုန်းကတော့ အရင် High class နှုန်းထားအတိုင်းပါပဲ။ လောလောဆယ် နှုန်းထားသစ်ပြောင်းလဲမှု မရှိသေးပါဘူး။” ဟု မြန်မာ့လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သံတွဲ-ရန်ကုန်လေကြောင်းခရီးစဥ်ကို ပြီးခဲ့သည့်ဧပြီလက စတင်ရပ်နားခဲ့ခြင်းဖြစ်ပြီး နှစ်လခန့်ကြာရပ်နားခဲ့ပြီးနောက် ပြန်လည်ပြေးဆွဲမည်ဟု သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
ယနေ့ခေတ်
သံတွဲ-ရန်ကုန်လေကြောင်းခရီးစဥ် တစ်ပတ်လျှင်တစ်ကြိမ်သာ ပြေးဆွဲပေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်