သုံးလကြာပိတ်ထားသော မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းပြန်ဖွင့်၊ ကုန်စည်ကန့်သတ်ထား

ရန်ကုန်၊ ဇွန် ၈

တိုက်ပွဲများကြောင့် သုံးလကြာပိတ်ထားသည့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းကို ယနေ့ ဇွန်လ ၈ ရက်မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

(KIA)နှင့် နစကတပ်တို့ နှစ်ဖက်တပ်စစ်ရေးအခြေအနေအရပ်ရပ်ကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းကို ယခုနှစ် မတ်လ ၉ ရက်က ပိတ်ထားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ ဇွန်လ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ နှစ်ဖက်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်တွေနဲ့ ပြန်ဖွင့်တာလို့ သိရတယ်။ ကန့်သတ်ချက်တွေရှိနေသေးတယ်လို့ သိရတယ်။ ကား ၁၄ စီး ပူတာအိုမြို့ဘက်ထွက်ခွာသွားတာ တွေ့ရတယ်။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ကားများအနေဖြင့် ကုန်ပစ္စည်းများအားလုံး တင်ဆောင်ခွင့်သယ်ယူခွင့်ပြုထားသော်လည်း ကန့်သတ်ကုန်အဖြစ် စက်သုံးဆီတင်ဆောင်ခွင့်ကို ကန့်သတ်ထားကြောင်း ကားသမားများနှင့်နီးစပ်သူများက ဆိုသည်။

“ ကုန်ပစ္စည်းတင်လာတဲ့ကားတွေကို အရင်ဆုံးခွင့်ပြုတာပါ။ ကုန်ကားတွေချည်းပဲ ဒီနေ့ ၂ နာရီကျော်ကျော်က တက်သွားတာတွေ့ရတယ်။ စက်သုံးဆီတော့သယ်ခွင့်မပြုထားဘူး။” ဟု ကားသမားများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ ကာလရှည် ကားလမ်းပိုင်းပိတ်ထားသည့်အတွက် ပူတာအိုဒေသခံပြည်သူများမှာ ကုန်ပစ္စည်းဈေး အဆမတန်မြင့်တက်မှုဒဏ်ခံခဲ့ရသည့်အပြင် အခြေခံစားသောက်ကုန် ပြတ် လပ်မှုအပြင် စက်သုံးဆီပြတ်လပ်မှုများပါကြုံခဲ့ရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ခန့်ခန့်

ဓာတ်ပုံ – CJ

ယနေ့ခေတ်

သုံးလကြာပိတ်ထားသော မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းပြန်ဖွင့်၊ ကုန်စည်ကန့်သတ်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.