သီပေါမြို့၌ စစ်ဘေးရှောင်အချို့ နေရပ်ပြန် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်) သီပေါမြို့နယ်တွင် စစ်ဘေးရှောင်ဒေသခံအချို့ နေရပ်သို့ပြန်လျှက်ရှိ‌ကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက်နေ့က ရှမ်းပြည်(မြောက်ပိုင်း)သီပေါမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး၊ ယခုအခါ တိုက်ပွဲများ ရပ်တန့်နေခြင်းကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံ များအနက် ယမန်နေ့ နံနက်က စစ်ဘေးရှောင် ၁၀၀ ကျော်နေရပ်သို့ပြန်လျှက်ရှိကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ ဒီဘက်မှတော့ လတ်တလောကငြိမ်နေတော့ ဒေသခံတွေလည်း သူတို့အိမ်ပြန်ချင်လာကြတာပေါ့။ မနေ့ကဆို ၆၀ လောက်ပြန်ကြတယ်။ ဒီနေ့တော့ ၈၀ ကျော်လောက်ပြန်ကြ တယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲများကြောင့် သီပေါမြို့အတွင်းရှိ နှစ်လကျော်အတွင်း ဒေသခံစစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိခဲ့ကာ၊ ယခုလဆန်းပိုင်းတွင် ဒေခံအချို့ နေရပ်သို့ပြန်လျှက်ရှိပြီး၊ အချို့‌စစ်ဘေးရှောင် ၅၀၀ ကျော် ကျန်ရှိနေသေကြောင်း သိရသည်။

“ စစ်ဘေးရှောင် ၃၀၀၀ ကျော်ထဲက သူတို့ဟာသူတို့ ပြန်ပြန်သွားကြတာပေါ့။ တစ်ခြားနေရာတွေမှာလည်း စစ်ဘေးရှောင်တွေက ရှိနေကြတာဆိုတော့။ အခုလောလောဆယ်သိရ‌သ လောက်က ကျန်ခဲ့သေးတာ ၅၀၀ ကျော်လောက်တော့ရှိမယ်။ ဒီနေ့လည်း ပြန်ကြတာဆိုတော့။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ အမည်ဖြင့် တိုက်ပွဲများ‌ဖော်ဆောင်ခဲ့ရာ အဆိုပါဒေသများတွင် တိုက်ပွဲများကြောင့် နှစ်လကျော်ကြာ နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်ရှောင်ခဲ့ရသည့် သီပေါမြို့အတွင်းရှိ စစ်ဘေးရှောင်အချို့ နေရပ်ပြန်လျှက်ရှိကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- နယ်စည်းမခြားသီပေါ

ပုံစာ- သီပေါမြို့နယ်မှ စစ်ဘေးရှောင်အချို့ (ပုံဟောင်း)

ယနေ့ခေတ်

သီပေါမြို့၌ စစ်ဘေးရှောင်အချို့ နေရပ်ပြန် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.