သီပေါမြို့တွင် သီလရှင်ကျောင်းတစ်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ ရွှေမောင်း သီလရှင်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်မူကြောင့် သီလရှင်အပါး ၁၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ဒီဇင်ဘာ ၁၀ ရက်၊ ညက ရှမ်ပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ စံဖိတ်ကျေးရွာရှိ ရွှေမောင်း သီလရှင်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျပေါက်ကွဲမှုကြောင့် ကျောင်းပျက်စီးကာ၊ သီလရှင်အပါး ၁၀၀ ကျော်သည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“တစ်နေ့ညက တစ်ညလုံးပစ်နေတာ။ သီလရှင်ကျောင်းပေါ်ကို ကျတာ။ ထိခိုက်မှုတော့ မရှိဘူး။ သီလရှင်အပါး ၁၀၀ ကျော်တော့ ကျွန်တော်တို့ရွှေ့ထားပေးတယ်။ သီပေါမြို့ပေါ်ကမှ မဟာမြတ်မုဏိ ဘုရားကြီးကျောင်းကို ရွေ့ထားပေးတယ်။ ဒီနေ့လည်း စံဖိတ်ကျေးရွာကပဲ သုသာန်ကျောင်း တစ်ကျောင်းပေါ်ကို လက်နက်ကြီးကျည် ကျတယ်လို့ကြားမိတယ်။” ဟု ‌ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ယနေ့အထိ သီပေါမြို့အနီးတဝိုက်ရှိ သံဃာတော်များနှင့် သီလရှင်များအပါအဝင် စစ်ဘေးရှောင် ၄၀၀၀ နီးပါရှိလာကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ ရက်၊ ညကလည်း သီပေါမြို့၊ စံဖိတ်ကျေးရွာရှိ ရွှေမောင်း သီလရှင်ကျောင်းမှ သီလရှင်အပါး ၂၀၀ ကျော် သီပေါမြို့သို့ စစ်တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-Credit

#ယနေ့ခေတ်

သီပေါမြို့တွင် သီလရှင်ကျောင်းတစ်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.