သီပေါမြို့တွင် လက်နက်ကြီးကျည်ထိမှန်ကာ ဒေသခံတစ်ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပေါ်ကာ လက်နက်ကြီးကျည် ကျပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသာတစ်ဦးကိုထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၄ ရက်၊ ည ၇ နာရီကျော်ခန့်က သီပေါမြို့နယ်၊ ပန်းတိမ်တောင်ရပ်ကွက်(ဟာလျံ)အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာကကတော့ မစိုးရိမ်ရပါဘူး။ ဘယ်ဘက်လက်ကိုထိတာ။ နေအိမ်မှာနေရင်းနဲ့ပဲ။ အသက်ကတော့ ၂၀ ကျော်လောက်ရှိပြီ။ လောလောဆယ်တော့ သွေးမလွန်အောင်ထိန်းထားပြီး ဒဏ်ရာကိုသက်သာအောင်လုပ်ထားတယ်။ မနက်တော့တော့ နီးစပ်တဲ့ဆေးခန်းတော့ ပို့ပေမယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဇူလိုင် ၁ ရက်၊ ညနေ ၆ နာရီကျော်ခန့်ကလည်း သီပေါမြို့နယ်၊ စံဖိတ်ကွတ်သစ်တွင် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ဒေသခံငါးဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇူလိုင် ၂ ရက်နေ့မှစကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့တွင် တကျော့ပြန်တိုက်ပွဲများကြောင့် လက်နက်ကြီးကျည်များထိမှန်ခြင်းကြောင့် ဒဏ်ရာရရှိသူ ၇ နှစ်ဦးထိရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်လည်း လက်နက်ကြီးကျည် ကျပေါက်ကွဲမှုကြောင့် သေဆုံးသူ ၉ ဦးထိရှိလာကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-CJ

ယနေ့ခေတ်

သီပေါမြို့တွင် လက်နက်ကြီးကျည်ထိမှန်ကာ ဒေသခံတစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.