ရန်ကုန်၊ မတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ တုံစင်ကျေးရွာ၊ မြောက်ဘက်တောအတွင်း တောင်ယာလုပ်သားတစ်ဦး မတ် ၉ ရက်က မိုင်းနင်းမိကာသေဆုံးခဲ့ကြောင်း သိရသည်။
မတ် ၉ ရက်က မိုင်းနင်းမိကာသေဆုံးခဲ့သည့် အသက်(၅၆)နှစ်အရွယ် တောင်ယာလုပ်သား၏ ရုပ်အလောင်းကို သေဆုံးပြီးသုံးရက်အကြာ မတ် ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် နယ် စည်းမခြားပရဟိတ(သီပေါ) လူမူကူညီရေးအသင်းက အခက်အခဲများစွာဖြင့် သယ်ယူပေးနိုင်ခဲ့ကြောင်း သိရသည်။
“ တောင်ယာလုပ်သားတစ်ဦး ယာမြေလုပ်ဖို့ထွက်လာတဲ့အချိန်မှာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတာပါ။ သေဆုံးသူရဲ့ရုပ်အလောင်းကို သုံးရက်ကြာမှ သယ်ယူခွင့်ရရှိခဲ့တာပါ။ အခက်အခဲများစွာထဲကနေ သယ်ဆောင်ပေးနိုင်ခဲ့ပါတယ်။” ဟု နယ်စည်းမခြားပရဟိတ(သီပေါ)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေဆုံးသူ၏မိသားစုဝင်များ စိတ်အေးချမ်းသာစေရန်အတွက် အသင်းအဖွဲ့သားများက အန္တရာယ်များသည့်ကြားက တောလမ်းအတွင်းသို့ဝင်ရောက်ကာ ရုပ်အလောင်းကို သယ်ထုတ်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – နယ်စည်းမခြားပရဟိတ(သီပေါ)
#ယနေ့ခေတ်
သီပေါတွင် တောင်ယာလုပ်သားတစ်ဦး မိုင်းနင်းမိကာ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်