ရန်ကုန်၊ အောက်တိုဘာ ၂၄
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည့် သီတင်းကျွတ်မီးထွန်းပွဲတော်ကာလအတွင်း YBS ယာဥ်လိုင်းအချို့ကို ညနက်သည်အထိ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။
သီတင်းကျွတ်ပွဲတော် ပျော်ပွဲရွှင်ပွဲများပြုလုပ်မည့် ပြည်သူ့ရင်ပြင်၌ ခရီးသည်များ သွားလာရေးလွယ်ကူစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားလာသည့် အတွက် YRTC မှ ယခုလို စီစဥ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးလျန်ကျင့်မာန်က ပြောသည်။
“ သီတင်းကျွတ်ပွဲတော် ကျင်းပတဲ့ရက်တွေမှာ YBS ယာဥ်လိုင်း ခုနှစ်လိုင်းက YBS ကား ခုနှစ်စီးနဲ့စတင်ပြီး သတ်မှတ်ထားတဲ့ဂိတ်တွေကနေ ပြည်သူ့ရင်ပြင်ရှေ့ကို ည ၉ နာရီခွဲအ ရောက် သွားမှာဖြစ်ပါတယ်။ ဒါက စတင်စမ်းသပ်တာပါ။ နောက်ထပ် ခရီးသည်တွေလိုအပ်တယ်ဆိုရင် YBS ကားတွေ တိုးချဲ့ပြေးဆွဲပေးမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
အောက်တိုဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုနေ့များ၌ ပြေးဆွဲပေးသည့် YBS ယာဥ်လိုင်းများမှာ အင်းစိန်မြို့နယ်သို့ YBS 21 ၊ လသာလမ်းမှ ပြည်သူ့ရင်ပြင်၊ ထိုမှ အင်းစိန်(အနောက်ပိုင်းတက္ကသိုလ်- ထန်းတပင်)၊ YBS 61 ၊ လှိုင်သာယာမြို့နယ်သို့ ဆူးလေမှ ပြည်သူ့ရင်ပြင် ထိုမှ ( အနောပိုင်းနည်းပညာတက္ကသို-လှိုင်သာယာ)၊ YBS 37 ၊ ခြောက်ထပ်ရုံးမှ ပြည်သူ့ရင်ပြင်၊ ထိုမှ ထောက်ကြံ့ YBS 116 ၊ ဆူးလေမှ ပြည်သူ့ရင်ပြင်၊ ထိုမှ မြောက်ဥက္ကလာ-ထောက်ကြံ့၊ YBS 62 ၊ ကြည့်မြင်တိုင်(ပန်းပင်ကြီးလမ်း)မှ ပြည်သူ့ရင်ပြင်၊ ထိုမှ ဒဂုံတက္ကသိုလ်၊ YBS 7 ၊ ဆူးလေ(မြို့တော်ခန်းမ) မှ ပြည်သူ့ရင်ပြင်၊ ထိုမှ အမှတ် – ၂ လမ်း(တောင်ဒဂုံ)၊ YBS 4 ၊ ဆူးလေ(မြို့တောခန်းမ) မှ ပြည်သူ့ရင်ပြင်၊ ထိုမှ သာကေတ- ယုဇနဥယျာဥ်မြို့တော်(ဒဂုံဆိပ်ကမ်း) တို့ကို ပြေးဆွဲပေး မည်ဖြစ်ကြောင်း သိရသည်။
အောင်သူရိန်
ဓာတ်ပုံ – လူမှုကွန်ယက်၊ အောင်သူရိန်
ပုံစာ – ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်မီးထွန်းပွဲအတွက် ပြင်ဆင်နေပုံ
သီတင်းကျွတ်ကာလအတွင်း YBS ယာဥ်လိုင်းအချို့ ညနက်သည်အထိ ပြေးဆွဲပေးမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်