ရန်ကုန်၊ မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဝေဇယန္တာလမ်းမထိပ်၊ ဝေဇယန္တာမှတ်တိုင်တွင် မတ် ၉ ရက်၊ နံနက် ၆ နာရီက မော်တော်ယာဥ်တစ်စီး အရှိန်ပြင်းစွာ ဖြတ်တိုက်မိခြင်းကြောင့် အနှေးယာဉ်မောင်းတစ်ဦး နေရာ၌ သေဆုံးသွားကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ဝေဇယန္တာမှတ်တိုင်မှာ အနှေးယာဥ်တိုက်မှုဖြစ်တာ မှန်ပါတယ်။ အနှေးယာဥ် ဆိုက္ကားသမားက နေရာမှာတင် သေဆုံးသွားပါတယ်။ တိုက်တဲ့ယာဥ်က အရှိန်ပြင်းပါတယ်။ သေဆုံးသူ အနှေးယာဥ်မောင်းက အသက် ၆၅ နှစ်လောက်ရှိမယ်။ သေဆုံးသူရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။” ဟု သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ အနှေးယာဥ်မောင်း(ဆိုက္ကားသမား)သည် အသက် ၆၅ နှစ်အရွယ်ဖြစ်ပြီး အရှိန်ပြင်းစွာ ဖြတ်တိုက်မိခြင်းကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
မော်တော်ယာဥ်တိုက်မိခြင်းကြောင့် သေဆုံးသူအနှေးယာဥ်မောင်းအား သာကေတမြို့နယ်၊ လူမှုကူညီရေးအဖွဲ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့
သာကေတမြို့နယ်တွင် ကားတိုက်ခံရခြင်းကြောင့် အနှေးယာဥ်မောင်းတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်