သရုပ်ဆောင် အကယ်ဒမီကျော်သူပါဝင်သည့် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ဇာတ်ကားကြီး ပြသခွင့်ရုပ်သိမ်းခံရ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

“ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံထားရသည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီကျော်သူပါဝင်ခြင်းကြောင့် ပြသခွင့်ရုပ်သိမ်းခံရကြောင်း အနုပညာရှင်အသိုင်းအဝိုင်းမှ စုံ စမ်းသိရှိရသည်။

အဆိုပါ ဇာတ်ကားအား ဇန်နဝါရီ ၂၄ ရက်တွင် ရုံတင်ပြသမည်ဖြစ်ပြီး ရုံတင်ရက်မတိုင်ခင် ‌ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော်ရုပ်ရှင်ရုံ၌ ဇာတ်ကားအကြို မိတ်ဆက်ခဲ့ကြောင်း သိရသည်။

“ မနေ့ကလည်း နေပြည်တော်ရုပ်ရှင်ရုံမှာ Press Show လုပ်တယ်။ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူ တွေတတ်ရောက်ခဲ့တယ်။ ဦးကျော်သူကလွဲရင်ပေါ့။ ဒီနေ့မှာလည်း သမ္မတရုပ်ရှင်ရုံမှာ Press Show ထပ်လုပ်မှာပေါ့။ ဒါပေမယ့် ဇာတ်ကားက ရုံတင်ပြသခွင့် ရုပ်သိမ်းခံရတယ်ဆိုပြီး ပွဲကတော့ပျက်သွားတယ်။ အဓိက ဦးကျော်သူပါလို့ပေါ။ နိုင်ငံရေးနဲ့ငြိစွန်းပြီး ဝရမ်းထုတ်ခံထားရတဲ့သူတွေ သရုပ်ဆောင်ထားရင် မရဘူး။ ပိတ်ခံရတယ်။” ဟု အမည်မဖော်လိုသူ အနုပညာရှင်တစ်ဦးက ပြောသည်။

“ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် အကယ်ဒမီကျော်သူ၊ အလင်းရောင်နှင့် အကယ်ဒမီ ခင်ဝင့်ဝါတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ရိုက်ကူးထားသည်မှာ ၆ နှစ်ဝန်း ကျင်ရှိပြီဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်ကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့သည် ဖမ်းဝရမ်းထုတ်ခံထားရပြီး တရားရုံးလာရောက်ရန် ပျက်ကွက်ခြင်းကြောင့် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နေအိမ်ကိုချိပ်ပိတ်ထားခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – နာရေးကူညီမှုအသင်း(ရန်ကုန်)

#ယနေ့ခေတ်

သရုပ်ဆောင် အကယ်ဒမီကျော်သူပါဝင်သည့် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ဇာတ်ကားကြီး ပြသခွင့်ရုပ်သိမ်းခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.