ရန်ကုန်၊ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှတဆင့် တရုတ်နိုင်ငံသို့ ဖရဲများတင်ပို့ရာတွင် သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် တွက်ခြေမကိုက်ကြောင်း ဖရဲတင်ပို့သူများ၏ ပြောပြချက်အရ သိရ သည်။
တာလော့ဖရဲဈေးကွက်တွင် တစ်တန်လျှင် 2500 ယွမ်ရှိပြီး တာလော့အရောက် ကုန်ကျစရိတ်စုစုပေါင်းသည် တစ်တန် 2500-2600 ယွမ်ကုန်ကျကြောင်း သိရသည်။
“ ဖရဲပေါ်ချိန်ဆိုတော့ စမ်းပြီးတင်ပို့နေတယ်။ တင်ပို့တဲ့စရိတ်က တော်တော်များတော့ တွက်ခြေမကိုက်ဘူး။ Risk တော်တော်များတယ်။ ပြီးတော့ စိုက်ပျိုးစရိတ်ကလည်း တက်လာတယ်။ တင်ပို့စရာလမ်းကြောင်းကလည်း သိပ်မရှိဘူး။” ဟု ဖရဲတင်ပို့သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယခင်က ပြည်တွင်းမှထွက်ရှိသည့် ဖရဲ၊ သခွှားမွှေးများကို မူဆယ်နယ်စပ်မှတဆင့် အောက်တိုဘာလမှ မေလအတွင်း တင်ပို့လေ့ရှိကြောင်း၊ ယခုအခါ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ကာ တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်အလယ်ပိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်အပါအဝင် ဒေသအချို့တွင် ဖရဲ၊ သခွားမွှေးကိုစိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုအနည်းငယ်နှင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေးဖြင့် ပြည်ပတင်ပို့မှု အနည်းငယ်ရှိခဲ့သော်လည်း အများစုကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – ခွာညိုသစ်သီးပွဲရုံ
သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် ဖရဲတင်ပို့မှု တွက်ချေမကိုက် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်