သမ္မတအဖြစ်ကျမ်းသစ္စာမကျိန်ဆိုခင် ဖမ်းဆီးထားသူတွေ ပြန်မလွှတ်လျှင် ငရဲဘုံကိုရောက်ရှိမည်ဟု ဟားမက်စ်ကို ဒေါ်နယ်ထရမ့် သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ ၃

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ်ကျမ်းသစ္စာမကျိန်ဆိုခင်အထိ ဟားမက်စ်အဖွဲ့ သည် ဖမ်းဆီးထားသော အစ္စရေးနိုင်ငံသားအားလုံးကို ပြန်မလွှတ်ပေးဘူးဆိုလျှင် အရှေ့အလယ်ပိုင်းဒေသသည် ငရဲဘုံကိုရောက်ရှိသွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုလိုက်သည်။

ဒေါ်နယ်ထရမ့်က သမ္မတအဖြစ်ကျမ်းသစ္စာမကျိန်ဆိုခင် အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား ဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်စေရန် ဖိအားပေးဆောင်ရွက်သွားမည်ဟု ပြောသည်။

ဟားမက်အဖွဲ့သည် အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့စဉ်က လူပေါင်း ၂၅၀ ဦးဖမ်းဆီးခဲ့ပြီး၊ လက်ရှိအချိန်တွင် ဟားမက်စ်အဖွဲ့လက်ထဲတွင် လူပေါင်း ၁၀၀ ဝန်းကျင် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဟားမက်စ်အဖွဲ့က အစ္စရေးစစ်သားများအားလုံး ဂါဇာဒေသမှ ပြန်လည်ရုတ်သိမ်းမှသာ ဖမ်းဆီးထားသူများကို ပြန်လွတ်ပေးမည်ဖြစ်ကြောင်း ပြောထားသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကလည်း လက်ရှိအချိန်တွင် ဟားမက်စ်အဖွဲ့၏ တောင်းဆိုချက်များကိုလက်ခံရန် ငြင်းဆန်ပယ်ချထားကြောင်း ပြောသည်။

ဒေါ်နယ်ထရမ့်က “ ကမ္ဘာကြီးနဲ့ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးဟာ ဓားစားခံအဖြစ် ဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုကြတယ်။ ကျွန်တော်ဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ်ကျမ်းသစ္စာမကျိန်ဆိုခင် ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်ပေးဘူးဆိုရင် အရှေ့အလယ်ပိုင်းဒေသဟာ ငရဲဘုံကိုကျရောက်သလိုမျိုး ဖြစ်လာဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

nytimes.com

သမ္မတအဖြစ်ကျမ်းသစ္စာမကျိန်ဆိုခင် ဖမ်းဆီးထားသူတွေ ပြန်မလွှတ်လျှင် ငရဲဘုံကိုရောက်ရှိမည်ဟု ဟားမက်စ်ကို ဒေါ်နယ်ထရမ့် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.