ဆိုးလ်၊ ဒီဇင်ဘာ ၂၂
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင်ဘာ ၂၁ ရက်နေ့က သမ္မတကိုထောက်ခံသူအုပ်စုနှင့် ဆန့်ကျင့်သူအုပ်စုများကြား အပြိုင်ဆန္ဒပြခဲ့ကြောင်း သိရသည်။
သမ္မတယွန်ဆက်ယိုလ်သည် ပြီးခဲ့သောဒီဇင်ဘာ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြောညာခဲ့ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်နေ့က အတိုက်ခံပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များဦးဆောင်ကာ လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှဆိုင်းငံခဲ့ရကြောင်း သိရသည်။
ယွန်ဆက်ယိုလ်သည် လက်ရှိအချိန်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ များ၏ စုံစမ်းစစ်ဆေးခြင်းကိုခံနေရကြောင်း သိရသည်။
ယွန်ဆက်ယိုလ်ကိုဆန့်ကျင့်သော အုပ်စုများထဲတွင် အသက် ၂၀ နှစ်နှင့် အသက် ၃၀ နှစ်အရွယ်ကြားရှိ လူငယ်အများစု ဦးဆောင်ပါဝင်နေပြီး သမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဆီး၊ ရာထူးမှဖြုတ်ချရန် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက “ ယွန်ဆက်ယိုလ်ကို ၂၁ ရာစုရဲ့ဒီမိုကရေစီကို ဘယ်လိုနားလည်နေသလဲဆိုတာကို မေးချင်တယ်။ ယွန်ဆက်ယိုလ်ကို ရာထူးကထွက်သွားတာကိုလိုချင်တယ်။” ဟု ပြောသည်။
ယွန်ဆက်ယိုလ်ကို ရာထူးတွင်ဆက်လက်ခန့်ထားရန် လိုလားနေသူများအုပ်စုတွင် အသက်ကြီးသူများနှင့် ရှေးရိုးစွဲဝါဒီ အများစုပါဝင်နေကြောင်း သိရသည်။
အသက် ၆၂ နှစ်အရွယ်ရှိ လီယောင်ဆုက “ ကျွန်တော်တို့ကတော့ သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်ပြီး ရာထူးကဖြုတ်ချတာကို လုံးဝဆန့်ကျင့်တယ်။” ဟု ပြောသည်။
ယွန်ဆက်ယိုလ်ကို ဒီဇင်ဘာ ၁၄ ရက်နေ့က လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ချိန်တွင်လည်း သမ္မတကိုထောက်ခံသူများနှင့် ဆန့်ကျင့်သူအုပ်စုများကြား အပြိုင်ဆန္ဒပြခဲ့ဖူးပြီး ခိုက်ရန်ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
သမ္မတယွန်ဆက်ယိုလ်ကို ထောက်ခံသူနှင့် ဆန္ဒပြသူများအကြား အပြိုင်အဆိုင်ဆန္ဒပြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်