ဟနွိုင်း၊ ဇွန် ၂၄
ဗီယက်နမ်နိုင်ငံသို့ ရုရှားသမ္မတပူတင် သွားရောက်လည်ပတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်အထူးကိုယ်စားလှယ်တစ်ဦးသည် ဗီယက်နမ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှနဲ့ ပစီဖိတ်ရေးရာဆိုင်ရာဒုတိယဝန်ကြီး Daniel Kritenbrink သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံကြား အပြန်အလှန်ယုံကြည်မှုများကို သမိုင်းတစ်လျှောက် အမြင့်ဆုံးကိုရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် ရုရှားသမ္မတပူတင်၏ ဗီယက်နမ်နိုင်ငံခရီးစဉ်နှင့် ဆက်နွယ်မှုမရှိကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်ထားသည်။
အမေရိကန်အထူးကိုယ်စားလှယ်က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဖန်တီးသွားမည်ဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံ၏ဘေးကင်းလုံခြုံမှုများနှင့် အကျိုးစီးပွားပိုမိုကောင်းမွန်စေရန် ကိုယ်ပိုင်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောသည်။
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများနှင့် ရုရှားနိုင်ငံကြား ဆက်ဆံရေးတင်းမာနေချိန်တွင် သမ္မတပူတင်သည် ပြီးခဲ့သောသီတင်းပတ်အတွင်း မြောက်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း အမေရိကန်နိုင်ငံနှင့် အပြန်အလှန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံကြား အပြန်အလှန်ယုံကြည်မှုသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးကိုရောက်ရှိလာမည်ဖြစ်ကြောင်း အမေရိကန်အထူးကိုယ်စားလှယ်က ထပ်မံပြော ဆိုသည်။
ကောင်းထက်ငွေ
latimes.com
သမ္မတပူတင် သွားရောက်ခဲ့သော ဗီယက်နမ်နိုင်ငံကို အမေရိကန်အထူးကိုယ်စားလှယ် ထပ်မံသွားရောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်