ဝါရှင်တန်၊ ဇွန် ၃၀
အမေရိကန်အစိုးရအဖွဲ့အနေဖြင့် သမ္မတဂျိုးဘိုင်ဒန်ကို ရာထူးမှဖယ်ရှားရန် စဉ်းစားရမည်ဖြစ်ပြီး၊ ဂျိုးဘိုင်ဒန်နေရာတွင် အခြားသူတစ်ဦးနှင့်အစားထိုးသင့်ကြောင်း အောက်လွှတ် တော်ဥက္ကဌ မိုက်ဂျွန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မိုက်ဂျွန်ဆန်သည် ပြီးခဲ့သောရက်ပိုင်းတွင်ကျင်းပခဲ့သော ရီပတ်ပလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒန်တို့၏ စကားစစ်ထိုးပွဲကို ကြည့်ရှုလေ့လာပြီးနောက် သမ္မတဂျိုးဘိုင်ဒန်ကို ရာထူးမှဖယ်ရှားရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အောက်လွှတ်တော်ဥက္ကဌက စကားစစ်ထိုးပွဲအတွင်း ဂျိုးဘိုင်ဒန်၏ပုံစံသည် တာဝန်များကိုအချိန်အကြာကြီး ဆက်လက်ထမ်းဆောင်နိုင်မည့်ပုံစံရှိနေသည်ကို မပြသနိုင်ခဲ့ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။
မိုက်ဂျွန်ဆန်က အဆိုပါစကားစစ်ထိုးပွဲအတွင်း အသက် ၈၀ ကျော်အရွယ်ရှိနေသည့် သမ္မတဂျိုးဘိုင်ဒန်သည် ကျန်းမာရေးကောင်းမွန်သည့် ပုံစံမျိုးမဟုတ်ဘဲ ခပ်ယဲ့ယဲ့ပုံစံမျိုးဖြစ်သ လို စိတ်ရှုပ်နေသောပုံစံမျိုးဖြစ်နေကာ စကားများကလည်း ရှုပ်ယှက်ခတ်နေပြီး ပြောစကားများကို အဆုံးသတ်နိုင်ရန်ကြိုးစားနေခဲ့ရကြောင်း ဆိုသည်။
အဆိုပါစကားစစ်ထိုးပွဲအပြီးတွင် ဂျိုးဘိုင်ဒန်၏အခြေနေများနှင့်ပတ်သက်ပြီး ဝေဖန်မှုမြင့်တက်လာခဲ့ပြီး၊ ဒီမိုကရက်တစ်ပါတီ၏ အလှူရှင်များကလည်း ဒီမိုကရက်တစ်ပါတီကိုယ် စားပြုကာ ဂျိုးဘိုင်ဒန်ပါဝင်ယှဉ်ပြိုင်မည့်အစီအစဉ်ကို ပြန်ရုတ်သိမ်းရန်တောင်းဆိုခဲ့ကြောင်း သိရသည်။
ပြိုင်ဘက်ပါတီဖြစ်သော ရီပတ်ဘလီကန်ပါတီဝင်များက ဂျိုးဘိုင်ဒန်ကို သမ္မတရွေးကောက်ပွဲအပြင် ရာထူးတာဝန်များမှလည်း ဖယ်ရှားရန်တောင်းဆိုခဲ့ကြောင်း သိရသည်။
အာဏာရပါတီ ဒီမိုကရက်တစ်ပါတီက သမ္မတဂျိုးဘိုင်ဒန်သည် နိုဝင်ဘာလအတွင်းကျင်းပမည့် ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီကိုယ်စားပြုယှဉ်ပြိုင်ရန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အနိုင်ရရန်ကြိုးပမ်းရာမှာ အချိန်အတန်ကြာ လုပ်ဆောင်နိုင်ဖွယ်မရှိကြောင်း ဝန်ခံထားသည်။
ထိုအပြင် ဂျိုးဘိုင်ဒန်နေရာတွင် အခြားသူတစ်ဦးကိုရွေးချယ်ပြီး သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း နာမည်ကျော် နယူးယောက်တိုင်းမ် သတင်း စာက ရေးသားဖော်ပြထားသည်။
ကောင်းထက်ငွေ
forbes.com
သမ္မတဂျိုးဘိုင်ဒန်ကို ရာထူးမှဖယ်ရှားရန် အမေရိကန်အစိုးရအဖွဲ့ စဉ်းစားရမည်ဟု အောက်လွှတ်တော်ဥက္ကဌ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်