သန်လျင်၌ စက်သုံးဆီ​စျေးကြောင့် ဘေးတွဲဆိုင်ကယ်စီးနင်းခများ အဆမတန် မြင့်တက်နေ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရန်ကုန်​တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် လူအများအစု စီးနင်း​နေကြသည့် ​ဘေးတွဲဆိုင်ကယ်(ခ)သုံးဘီးတွဲဆိုင်ကယ်များသည် စက်သုံးဆီ​စျေး မြင့်တက်လာပြီး​နောက် အနီးအ​ဝေးအ​ပေါ်မူတည်ပြီး ကယ်ရီခများ အဆမတန်တောင်းခံ​နေ​ကြောင်း ​သန်လျင်မြို့မ​စျေးရှိ ကုန်သည်တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ အရင်က ဆိုင်ကယ်ကယ်ရီ​ခေတ်​​ပေါ့​​နော်။ ကမ်းနားက​နေ ​စျေးအထိဆို ကျပ် ၅၀၀။ ​ဘေးတွဲ(ခ)သုံးဘီဆိုင်ကယ်​ပေါ်လာပြီး​နောက်မှာ ၇၀၀ ကျပ် တောင်းခံတယ်။ အခုလည်းကျ​ရော ၁၅၀၀ ကျပ်တဲ့။ အ​တော်​လေးဆိုးရွားလာတဲ့ အ​ခြေအ​နေပါ။ သူတို့ဘက်က ပြန်​ပြောတာလဲ စက်သုံးဆီတစ်လီတာ ၆၀၀၀ ​ပေးရတယ်​လို့ ​ပြောတယ်။” ဟု သန်လျင်မြို့မ​စျေးရှိ ကုန်သည်တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

သန်လျင်မြို့နယ်ရှိ သီလဝါဆိပ်ကမ်းသည် စက်သုံးဆီကို ​ရန်ကုန်မြို့တစ်ဝန်းသို့ ရောင်းဝယ်ဖြန့်ဖြူး​​ပေး​သော ​အဓိကဒေသဖြစ်သည်။

အဆိုပါ သီလဝါဆိပ်ကမ်းမှ ခွဲတန်းစနစ်ဖြင့် ​ရောင်းချ​ပေးသည့် စက်သုံးဆီများကို တန်းစီစနစ်ဖြင့်ဝယ်ယူပြီး ဆိုင်တွင်ပြန်လည်ရောင်းချရာ နှစ်နာရီအတွင်း ရောင်းကုန်ခဲ့​ကြောင်း ရတနာစက်သုံးဆီအ​ရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ ဓါတ်ဆီတစ်လီတာကို ကျပ် ၂၅၀၀ နဲ့​ရောင်းချ​ပေးပါတယ်။ တစ်​နေ့ကို ကားအစီးအ​ရေ ၁၀၀ နဲ့ ​ဘေးတွဲဆိုင်ကယ်(ခ)သုံးဘီးဆိုင်ကယ် အစီးအ​ရေ ၁၅၀ ​လောက်အထိ ဓါတ်ဆီဖြည့်​ပေးနိုင်ပါတယ်။ ဆီရတာနဲ့ ချက်ချင်း​ရောင်းချ​ပေးပါတယ်။ အလွန်ဆုံး တစ်ရက် နှစ်နာရီပဲကြာတယ်။ ​ရောင်းကုန်သွားပါတယ်။” ဟု ရတနာ စက်သုံးဆီအ​ရောင်းတာဝန်ခံတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

သန်လျင်မြို့နယ်တွင် စက်သုံးဆီအ​ရောင်းဆိုင်များတွင် တစ်လီတာ ကျပ် ၂၅၀၀ ဖြင့်သာ ​ရောင်းချ​ပေး​နေပြီး၊ ပြင်ပ​စျေးကွက်တွင် တစ်လီတာကျပ် ၆၀၀၀အထိ ​ပေါက်​စျေးရှိ​​နေ​ကြောင်း သိရသည်။

သန်လျင်မြို့နယ်အပါအဝင် မြန်မာပြည်တစ်ဝန်းတွင် ဒီဇင်ဘာ ၅ ရက်မှစတင် ပြီး စက်သုံးဆီဆိုင်များ၌ ဆီပြတ်လပ်မှုများ ဖြစ်​ပေါ်​နေ​ကြောင်း သိရသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

သန်လျင်၌ စက်သုံးဆီ​စျေးကြောင့် ဘေးတွဲဆိုင်ကယ်စီးနင်းခများ အဆမတန် မြင့်တက်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.