ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ သန်လျင်တံတားအမှတ်(၁) အနီးတွင် ဖေဖော်ဝါရီ ၂၃ ရက်၊ ည ၁၀ နာရီ ၂၄ မိနစ်က မီးလောင်မှုဖြစ်ပွားရာ ကျပ်သိန်း ၅၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ သန်လျင်တံတား အမှတ်(၁) တံတားအဆင်းနားက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ နာရီဝက်ခန့်ကြာမှာ အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့ပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။ ပျက်စီးဆုံးရှုံးမှု ကျပ်သိန်း ၅၀ ဖိုးလောက်တော့ရှိပါတယ်။ မီးလောင်မှုဖြစ်စဥ်အသေးစိတ်တော့ ဆက်လက်စစ်ဆေးနေပါတယ်။” ဟု မီးသတ်တပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိနေပြီး မီးလောင်မှုအတွင်း နေအိမ်ပျက်စီးခြင်းအပြင် ကျပ်သိန်း ၅၀ ဖိုးခန့်ဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို ည ၁၀ နာရီ ၅၄ မိနစ်တွင် အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
သန်လျင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား ကျပ်သိန်း ၅၀ ဖိုး ပျက်စီးဆုံးရှုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်