သန်လျင်တံတားအမှတ်(၃) တံတားဖြတ်သန်းခကို ဇွန် ၁၆ ရက်တွင် စတင်ကောက်ခံမည်

ရန်ကုန်၊ ဇွန် ၁၀

ရန်ကုန်​တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်နှင့် ပဲခူးမြစ်အား ဖြတ်သန်းတည်​ဆောက်ထားသည့် သန်လျင်တံတားအမှတ် (၃) ကို ဇွန် ၈ ရက်နေ့ကဖွင့်လှစ်ခဲ့သည်။ လတ်တလောတွင် တံတားဖြတ်သန်းခပေးဆောင်ရန်မလိုသေးပဲ၊ ဇွန် ၁၆ ရက်နေ့မှစတင်ကာ တံတားဖြတ်သန်းခများ စတင်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

“သန်လျင်တံတားအမှတ် (၃) မော်​တော်ယာဥ်ဖြတ်သန်းခ​တွေကို ဇွန် ၁၆ ရက်မှာ စတင်​​ကောက်ခံသွားပါမယ်။ အခု​တစ်ပတ်​တော့ အခမဲ့ဖြတ်သန်းခွင့်​ပေးထားပါတယ်။ ဇွန် ၁၆ ရက်​နေ့မှ လမ်းတံတား​ကြေး ကောက်ခံမှာပါ။ ​နောက်ပြီး ​ငွေသားအပြင် QR Code စနစ်ဖြင့်လည်း ​ပေး​ဆောင်နိုင်ပါတယ်။” ဟု သန်လျင်တံတားတည်​ဆောက်​ရေး၊ ​ဆောက်လုပ်​ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ လမ်းတံတားဖြတ်သန်းခများကို ဇွန် ၁၆ ရက်မှ စတင်​ကောက်ခံသွားမည်ဖြစ်ပြီး ဇွန် ၈ ရက်မှ ဇွန် ၁၅ ရက်ထိ တစ်ပတ်ခန့် အခမဲ့ဖြတ်သန်းခွင့်ပြုထား​ကြောင်း သိရသည်။

လမ်းတံတား​ကြေး ပေးချေလိုခြင်းမရှိပါက သန်လျင်တံတားအ‌ဟောင်းမှ ဖြတ်သန်းသွားလာနိုင်​​ကြောင်း သန်လျင်တံတားတည်​ဆောက်​ရေး၊ ​ဆောက်လုပ်​ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

သန်လျင်တံတားအမှတ်(၃) လမ်းတံတားအသုံးပြုခကို အိမ်စီးကားသုံးတန်အောက်၊ Landcruiser, Wish, Alphard, Double Cab, Super Custom ယာဉ်နှင့် ကုန်တန်ချိန်သုံးတန်အထိ ကျပ် ၅၀၀ နှုန်းသတ်မှတ်ထားပြီး၊ ခရီးသည်တင်ယာဉ်(ငယ်)၊ ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ ကင်တာယာဉ်နှင့် ကုန်တန်ချိန် ခြောက်တန်အထိ ကျပ် ၁၀၀၀ နှုန်း သတ်မှတ်ထား​ကြောင်းနှင့် ခရီးသည်တင်ယာဉ် (လတ်)၊ Minibus, BM, ခရီးသည်တင်ယာဉ် (ကြီး)၊ ဟီးနိုး၊ ဟွန်ဒိုင်း၊ ယာဉ်နှင့် ကုန်တန်ချိန် ၂၁ တန်အထိ ကျပ် ၂၀၀၀ နှုန်းသတ်မှတ်ထားပြီး ကုန်တင်ကား (ငယ်)၊ ၆ ဘီး ၈ ဘီး ကုန်တင်ယာဉ်ယာဉ်နှင့် ကုန်တန်ချိန် ၂၁ တန်အထိ ကျပ် ၄၀၀၀ နှုန်းသတ်မှတ်ထား​ကြောင်း သိရသည်။

ထို့ပြင် တန်ပိုဒဏ်ကြေး ကျပ် ၁၂,၀၀၀ နှုန်း၊ ကုန်တင်ကား(ကြီး)၊ ၁၀ ဘီး ၁၂ ဘီး ၁၄ဘီး၊ တွဲကားကုန်တင်ယာဉ်နှင့် ကုန်တန်ချိန် ၃၄ တန်အထိ ကျပ် ၁၂,၀၀၀ နှုန်းနှင့် တန်ပိုဒဏ် ကြေးကျပ် ၂၂,၀၀၀ နှုန်း၊ ကုန်တင်တွဲ ကား ၁၈ ဘီး ၂၂ ဘီးတွဲကားယာဉ်နှင့် ကုန်တန်ချိန် ၅၀ ဒဿမ ၅ တန်အထိ ကျပ် ၂၂,၀၀၀ နှုန်းနှင့် တန်ပိုဒဏ်ကြေးကျပ် ၆၆,၀၀၀ နှုန်း အသီးသီးကောက်ခံသွားမည်ဖြစ်ကြောင်း သန်လျင်တံတားတည်​ဆောက်​ရေး၊ ​ဆောက်လုပ်​ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – MMAM

သန်လျင်တံတားအမှတ်(၃) တံတားဖြတ်သန်းခကို ဇွန် ၁၆ ရက်တွင် စတင်ကောက်ခံမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.