ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ခြောက်လမ်းသွားလမ်းမကြီး၊ ဒဂုံ-သီလဝါကားလမ်း၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဖေဖော်ဝါရီ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီ ၂ မိနစ်က ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ကုလားဝဲတံတားအဆင်းနဲ့ ဒဂုံ-သီလဝါကားလမ်းကွေ့မှာ ဆီဘောက်ဆာယာဥ်တစ်စီး တိမ်းမှောက်နေတယ်။ ဆီဘောက်ဆာယာဥ်က အရှိန်လွန်ပြီး တိမ်းမှောက်သွားတာပါ။ ယာဥ်မောင်ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ ကုလားဝဲ ခြောက်လမ်းသွားလမ်းမမှာ မော်တော်ယာဥ်တွေက အမောင်းကြမ်းကြပါတယ်။ ဒါကြောင့်လဲ အရှိန်လွန်ပြီး ယာဥ်တိမ်းမှောက်မှု မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။” ဟု ကုလားဝဲကျေးရွာနေ ကုန်စိမ်းသည် မသီရိထက်က ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ဆီဘောက်ဆာယာဥ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူယာဥ်မောင်းအား သန်လျင်မြို့နယ်လူမှုကူညီရေးအဖွဲ့များက သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး၊ ဆီဘောက်ဆာအတွင်းပါ ကျပ်သိန်း ၅၀ ဖိုးဆီများ မီးလောင်ဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
သန်လျင်ခြောက်လမ်းသွားလမ်းမကြီးတွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်