သင်္ဃန်းကျွန်း၌ ဘေးတွဲဆိုင်ကယ်နှင့် အိမ်စီးကားတိုက် လေးဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၌ ဘေးတွဲဆိုင်ကယ်နှင့် အိမ်စီးကားတိုက်မိပြီး လေးဦးဒဏ်ရာရှိကာ တစ်ဦးမှာစိုးရိမ်ရကြောင်း သိရသည်။

ယမန်နေ့ ည ၉ နာရီကျော်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ ဘဝမြင့်မှတ်တိုင်အနီးတွင် ဘေးတွဲဆိုင်ကယ်နှင် အိမ်စီးကားဝင်တိုက်ရာ ဘေးတွဲဆိုင်ကယ် ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦး၊ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘေးတွဲမောင်းအမျိုးသားသည် ဦးခေါင်းဒဏ်ရာ ပြင်းထန်သဖြင့် စိုးရိမ်ရကြောင်း Medical လူငယ်မှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့သတင်းရတော့ ဘေးတွဲနဲ့ ကားနဲ့တိုက်ထားတယ်လို့ ရတာဗျ။ ဘယ်သူမှားလဲ၊ မှန်လဲတော့မသိဘူးဗျ။ ကျွန်တော်တို့တွေ့တဲ့အနေအထားက တိုက်ထားတာ ပြင်းတဲ့ အနေထားပဲဗျ။ ဘေးတွဲပျက်စီးသွားတဲ့ အနေအထားဆိုရင်တော့။ ကားပေါ်ကလူတော့ ထိခိုက်ဒဏ်ရာမရဘူး။ ဘေးတွဲမှာလိုက်စီးတဲ့ ခရီးသည်နဲ့ ဘေးတွဲမောင်းတဲ့သူတော့ ထိခိုက်ဒဏ်ရာရတယ်။ စုစုပေါင်းလေးဦးထိခိုက်ပြီး၊ ဘေးတွဲယာဉ်မောင်က စိုရိမ်ရတဲ့အခြေနေဗျ။” ဟု Medical လူငယ်မှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဘေးတွဲမောင်းအမျိုးသားသည် ဦးခေါင်းဒဏ်ရာဖြင့် စိုးရိမ်းရပြီး စံပြဆေးရုံကြီးမှတစ်ဆင့် မြောက်ဥက္ကလာဆေးရုံကြီး မေဒါဝီ ဦးနှောက်အာရုံကြောသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-Medical လူငယ်

#ယနေ့ခေတ်

သင်္ဃန်းကျွန်း၌ ဘေးတွဲဆိုင်ကယ်နှင့် အိမ်စီးကားတိုက် လေးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.