သင်္ကြန်ကာလနောက်ပိုင်း စက်သုံးဆီဈေး ကျဆင်းလာ

ရန်ကုန်၊ ဧပြီ ၂၀

သင်္ကြန်ပြီးနောက်ပိုင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

၉၂ နှင့် ၉၅ စက်သုံးဆီဈေးသည် တစ်လီတာ ၃၁၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီ တာ ၂၀၀ ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။

“ ဆီဈေးသာကျလာတယ်။ တက္ကစီခတွေက ကျမလာဘူး။ ကားသမားတွေကပြောလိုက်ရင် ဆီဈေးတတ်လို့ဆိုတာချည်းပဲ။ ဈေးကပြန်မကျလာဘူး။ တတ်ရင်လည်းတတ်တဲ့အ လျောက် ပေးစီးပါတယ်။ ဆီဈေးပြန်ကျတော့ ဈေးကပြန်ကျမလာဘူး” ဟု တက္ကစီစီးခရီးသည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သင်္ကြန်မတိုင်မီ စက်သုံးဆီဈေးနှုန်းသည် ၉၂ တစ်လီတာ ၃၀၅၀ ကျပ်၊ ၉၅ တစ်လီတာ ၃၁၁၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၉၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၂၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလနောက်ပိုင်း စက်သုံးဆီဈေးနှုန်းသည် ၉၂ တစ်လီတာ ၂၇၄၀ ကျပ်၊ ၉၅ တစ်လီတာ၂၈၀၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၉၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၉၆၀ ကျပ်ဖြစ်သည်။

ဖော်ပြပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးဖြစ်ပြီး အခြားတိုင်းနှင့်ပြည်နယ်များသည် သယ်ယူပို့ဆောင်ရေးစရိတ်အပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိနိုင်ကြောင်း သိရသည်။

ယခင်က စက်သုံးဆီဈေးနှုန်းကို နေ့စဉ်ထုတ်ပြန်ပေးနေပြီး အတတ်အကျသည် နေ့စဉ်ဖြစ်ပေါ်နေကြောင်း၊ ယခုအခါ တစ်ပတ်တစ်ခါမှသာ ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

သင်္ကြန်ကာလနောက်ပိုင်း စက်သုံးဆီဈေး ကျဆင်းလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.