ဘန်ကောက်၊ မတ် ၁၅
ရှေ့သို့ချီပါတီသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ကျန်းမာရေးနှင့်ပတ်သက်ပြီး ထိုင်းအစိုးရလိမ်လည်မှုရှိ၊ မရှိဆိုသောအချက်ကို မေးခွန်းထုတ်လိုက်ကြောင်း သိရသည်။
ရှေ့သို့ချီပါတီ (Move Forward) ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ရန်ဆီမန် ရိုမီသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ကျန်းမာရေးအခြေနေများကို သံသယရှိခဲ့ပြီးနောက် လွှတ်တော်အတွင်း မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာခဲ့ပြီးနောက် ချင်းမိုင်မြို့သို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ယင်းခရီးစဉ်က သက်ဆင်အတွက် လူမြင်ကွင်းသို့ ပထမဆုံးအကြိမ်ထွက်လာခြင်းဖြစ်သည်။
သက်ဆင်သည် ပြီးခဲ့သောနှစ်တွင် ချမှတ်ခံထားရသော ပြစ်ဒဏ်များကိုခံယူရန် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် အကျဉ်းထောင်တွင်နေထိုင်သည့် ပထမဆုံးညတွင် ကျန်းမာရေးပြဿနာများဖြစ်ပွားခဲ့သည့်အတွက် ထိုင်းရဲတပ်ဖွဲ့အထူးဆေးရုံသို့ ပို့ဆောင်ခံရကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်ချိန်အထိ ထိုင်းရဲတပ်ဖွဲ့အထူးဆေးရုံတွင် နေထိုင်သွားခဲ့ရာ ဝေဖန်ပြစ်မှုများလည်းမြင့်တက်လာခဲ့သည်။
ထိုင်းရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရခဲ့သော်လည်း အတိုက်ခံပါတီအဖြစ် ရပ်တည်နေရသော ရှေ့သို့ချီပါတီသည် သက်ဆင်နှင့်ပတ်သက်ပြီး လူသိရှင်ကြားမေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
သက်ဆင်သည် ထိုင်းအာဏာရပါတီဖြစ်သော ဖြူထိုင်းပါတီကို ဦးဆောင်တည်ထောင်ခဲ့ပြီး ဖြူထိုင်းပါတီအပေါ် သြဇာလွမ်းမိုးမှုရှိနေသူဖြစ်သည်။
ရှေ့သို့ချီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ရိုမီက ချင်းမိုင်မြို့သို့သွားခဲ့သော သက်ဆင်၏ခရီးသည် နိုင်ငံရေးရည်ရွယ်ချက်ရှိ၊ မရှိဆိုသည်ကို မသိသေးကြောင်း ပြောသည်။
သို့သော်လည်း ၎င်းက “ ထိုင်းအစိုးရဟာ ပြည်သူတွေကို လိမ်လည်တာမျိုးမလုပ်သင့်ဘူး။ သက်ဆင်ရဲ့ ကျန်းမာရေးအခြေနေနဲ့ပတ်သက်ပြီး ခွင့်ပြုခဲ့တာတွေအားလုံးကို ဥပဒေ ဘောင်အတိုင်း ဖြေရှင်းသင့်တယ်။” ဟု ပြေသည်။
ထိုင်းအစိုးရအနေဖြင့် သက်ဆင်ကိစ္စနှင့်ပတ်သက်ပြီး ပြည်သူများအပေါ် ရိုးသားမှုရှိရမည်ဖြစ်ကြောင်း ရှေ့သို့ချီပါတီအမတ်ဖြစ်သူ ရိုမီက ထပ်မံပြောဆိုသည်။
ကောင်ထက်ငွေ
thaipbsworld.com
သက်ဆင်၏ကျန်းမာရေးနှင့်ပတ်သက်ပြီး အစိုးရမလိမ်လည်သင့်ဟု ထိုင်းအတိုက်ခံပါတီဝေဖန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်