ဝီဂါများကို တရုတ်နိုင်ငံသို့ ပြန်ပို့မှုနှင့်ပတ်သက်ပြီး ထိုင်းအရာရှိများကို အမေရိကန်ဗီဇာပိတ်ပင်

ဘန်ကောက်၊ မတ် ၁၅

ပြီးခဲ့သည့်လက ဝီဂါအယောက် ၄၀ ကို တရုတ်နိုင်ငံသို့ ပြန်ပို့ရာတွင် ပါဝင်ပတ်သက်နေသည့် လက်ရှိနှင့် ယခင်ထိုင်းအရာရှိများကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဗီဇာကန့်သတ်ချက်သည် ဝီဂါနှင့်အခြားအုပ်စုများကို တရုတ်နိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ရန် တရုတ်အစိုးရ၏ ဖိအားပေးကြိုးပမ်းမှုများကို တိုက်ဖျက်ရန် အမေရိကန်မူဝါဒအသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် လူနည်းစုအုပ်စုဝင်များသည် နှိပ်စက်ညှဉ်းပန်းမှုနှင့် ပျောက်ဆုံးမှုများကြုံတွေ့ရပြီး ဗီဇာကန့်သတ်မှု မူဝါဒသစ်သည် ဝီဂါမျေားကို တရုတ်နိုင်ငံသို့သို့ပြန်ပို့မည့် အာရှနိုင်ငံအစိုးရအရာရှိများနှင့် သက်ဆိုင်မည်ဖြစ်ကြောင်း မစ္စတာရူဘီယိုက ပြောကြားခဲ့သည်။

“ဝီဂါအပေါ်ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ နှစ်ရှည်လများ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေကြောင့် ဝီဂါနဲ့တခြားအုပ်စုတွေကို တရုတ်နိုင်ငံဆီ အတင်းအကျပ်ပြန်မပို့ဖို့ ကမ္ဘာတဝှမ်းက အစိုးရတွေကို ကျွန်ုပ်တို့တောင်းဆိုပါတယ်။” ဟု ၎င်းကပြောကြားခဲ့သည်။

ဗီဇာကန့်သတ်ချက်များနှင့်ရင်ဆိုင်ရမည့် ထိုင်းအရာရှိများကို အမေရိကန်ကဖော်ထုတ်ထုတ်မည်မဟုတ်ဘဲ ၎င်းတို့ ၏မိသားစုဝင်အချို့သည်လည်း အရေးယူခံရမှုများရှိနိုင်သည်ဟု ဆိုသည်။

Ref: Bangkok Post

#ယနေ့ခေတ်

ဝီဂါများကို တရုတ်နိုင်ငံသို့ ပြန်ပို့မှုနှင့်ပတ်သက်ပြီး ထိုင်းအရာရှိများကို အမေရိကန်ဗီဇာပိတ်ပင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.