ရန်ကုန်၊ ဧပြီ ၁၇
ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသော ဝိုင်ဘီအက်စ်ယာဥ်လိုင်းအချို့သည် (ယနေ့) ဧပြီ ၁၇ ရက်၊ (နှစ်ဆန်းတစ်ရက်)တွင်စီးနင်းသူများကို အခမဲ့ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
“ ဝိုင်ဘီအက်စ် ယာဥ်လိုင်းတွေ နေ့စဥ်နဲ့အမျှစီးနင်းနေတဲ့ မိဘပြည်သူတွေကို ခရီးသွားကုသိုလ်ပြုအနေနဲ့ ပြေးဆွဲပေးလျက်ရှိတာက ဝိုင်ဘီအက် ၃၅၊ ဝိုင်ဘီအက်စ် ၂၇၊ ဝိုင်ဘီအက်စ် ၄၂ နဲ့ ဝိုင်ဘီအက်စ် ၆၃ ယာဥ်လိုင်းတို့ အခမဲ့ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပါတယ်။” ဟု YRTA က တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဝိုင်ဘီအက်စ်ယာဥ်လိုင်းပေါင်း ၁၃၀ ကျော်အနက် ဝိုင်ဘီအက်စ် ယာဥ်လိုင်းလေးလိုင်းမှ ကျေးဇူးရှင် ခရီးသွားမိဘပြည်သူများအား မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် ခရီးသွားကုသိုလ်ပြုအနေဖြင့် ပြေးဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း YRTA မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ ခရီးသွားကုသိုလ်ပြုအနေဖြင့် အခမဲ့ပြေးဆွဲပေးခဲ့ကြသော ဝိုင်ဘီအက်စ်ယာဥ်လိုင်းများမှာ ဝိုင်ဘီအက်စ် ၃၅၊ ဝိုင်ဘီအက် ၂၇၊ ဝိုင်ဘီအက်စ် ၄၂ နှင့် ဝိုင်ဘီအက်စ် ၆၃ ယာဥ်လိုင်းတို့ဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – YRTA
ဝိုင်ဘီအက်စ်ယာဥ်လိုင်းအချို့ နှစ်ဆန်းတစ်ရက်နေ့တွင် အခမဲ့ပြေးဆွဲပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်