ဝန်ကြီးချုပ်ဟောင်း သက်ဆင် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲ့သောရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သည့်အတိုင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာခဲ့ကာ နေအိမ်ကိုပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် သမီးနှစ်ဦးက လာရောက်ကြိုဆိုခဲ့ပြီး၊ ထိုင်းရဲတပ်ဖွဲ့ အထူးဆေးရုံမှ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် အိမ်ကိုပြန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆင်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုများ၊ အာဏာအလွှဲသုံးစားမှုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရ ကာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ပြည်ပထွက်ပြေးကာ ပြည်ပနိုင်ငံများတွင် ၁၄ နှစ်ကြာနေထိုင်ခဲ့သူဖြစ်သည်။

သို့သော်လည်း ၎င်းဦးဆောင်တည်ထောင်ခဲ့သော ဖြူထိုင်းပါတီက ပြီးခဲ့သောနှစ်ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ကျခံရမည့်ထောင်ဒဏ်ကို ပြန်လည်ခံယူရန် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင်သည် ထိုင်းနိုင်ငံသို့ သက်ဆင်ပြန်လာချိန်တွင် ၎င်းအပေါ်ချမှတ်ထားသော ပြစ်ဒဏ်များကို နှစ်လျော့ပေးခဲ့ပြီး၊ ထောင်ဒဏ်တစ်နှစ်သာကျခံရန် နှစ်လျော့ပေးခံရကြောင်းသိရသည်။

သက်ဆင်သည် ထိုင်းနိုင်ငံသို့ပြန်လာပြီးနောက် အကျဉ်းထောင်သို့ ပထမဆုံးအကြိမ်ပို့ဆောင်ခံရသော ပထမဆုံးနေ့တွင် ကျန်းမာရေးပြဿနာများကြောင့် ထိုင်းရဲတပ်ဖွဲ့ အထူးဆေး ရုံသို့ ပြောင်းရွှေ့ကုသခဲ့ရသည်။ သက်ဆင်သည် ထိုင်းရဲတပ်ဖွဲ့ အထူးဆေးရုံတွင် ၆ လကျော်ကြာ နေထိုင်ခဲ့ပြီးနောက် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်ခဲ့ခြင်းဖြစ် သည်။

ထိုင်းတရားရေးဝန်ကြီးက အသက် ၇၀ ကျော်နေသူများနှင့် ကျန်းမာရေးမကောင်းသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ရာ အဆိုပါလွှတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အကျဉ်း သား ၉၀၀ ကျော်စာရင်းထဲတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပါဝင်လာဖွယ်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းရဲတပ်ဖွဲ့ အထူးဆေးရုံတွင် လအတန်ကြာ တက်ရောက်ကုသခွင့်ပေးခြင်းနှင့်ပတ်သက်ပြီး ထိုင်းအတိုက်ခံနိုင်ငံရေးသမားများက မကြာခဏဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

ဝန်ကြီးချုပ်ဟောင်း သက်ဆင် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.