ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အကျဉ်းထောင်သို့ပြန်ပိုရန် ထိုင်းပြည်သူများ ဆန္ဒပြ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၄

ထိုင်းပြည်သူများသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ရန် ထိုင်းအစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် အကျင့်ပျက်လာဘ်စားမှုအပါအဝင် အခြားပြစ်မှုများကြောင့် ပြစ်ဒဏ်ချမှတ်ခံရပြီး၊ ပြည်ပထွက်ပြေးကာ ပြည်ပေးအဖြစ်နေထိုင်ခဲ့သူဖြစ် သည်။ သို့သော်လည်း သက်ဆင်သည် ၎င်းတည်ထောင်ထားသော ဖြူထိုင်းပါတီ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်သည့် ပြီးခဲ့သောနှစ်တွင်ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ကြောင်း သိရသည်။

သက်ဆင်သည် ထိုင်းနိုင်ငံသို့ ပြန်လာချိန်တွင် အကျဉ်းထောင်သို့ ချက်ချင်းပို့ဆောင်ခဲ့ရပြီးနောက် အကျဉ်းထောင်တွင်နေထိုင်နေသည့် ပထမဆုံးညတွင် ကျန်းမာရေးမကောင်းသည့်အတွက် အကျဉ်းထောင်မှ ရဲတပ်ဖွဲ့အထူးဆေးရုံသို့ ပို့ဆောင်ကာ လက်ရှိအချိန်အထိ နေထိုင်ကုသနေဆဲဖြစ်ကြောင်း သိရသည်။

ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သော Pichit Chaimongkol က သက်ဆင်ကို အကျဉ်းထောင်သို့ ပြန်ပို့ရန်နှင့် သက်ဆင်ကို အကျဉ်းထောင်မှ အပြင်သို့ထွက်ရာတွင် ပါဝင်ဆက်နွယ်ခဲ့သူများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒပြအုပ်စုခေါင်းဆောင်က အစိုးရအနေဖြင့် သက်ဆင်ကို အကျဉ်းထောင်သို့ ပြန်ပို့ရန် မသိကျိူးကျွံပြုနေပါက ဘာတွေဆက်လက်ဖြစ်လာမည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ဆန္ဒပြအုပ်စုများသည် သက်ဆင်ကို အကျဉ်းထောင်သို့ပြန်ပို့ရန်၊ ထိုင်းအကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရန်၊ အကျင့်ပျက်လာဘ်စားသော နိုင်ငံရေးသမားများကို ထောင်ဒဏ်ပြစ်ဒဏ်လျော့ပေးခြင်းကို တားဆီးမည့် ဥပဒေသတ်မှတ်ရန်၊ သက်ဆင်ကို အကျဉ်းထောင်ပြင်ပထုတ်ရာတွင် ပါဝင်ခဲ့သူများကို စုံစမ်းအရေးယူရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

သက်ဆင်သည် ထောင်ဒဏ်လျော့ပေါ့ပေးသည့် အခွင့်ရေးများကိုရရှိခဲ့ရာ ၎င်းသည် ထောင်ဒဏ် တစ်နှစ်ကျော်သာနေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေးကိစ္စအကြောင်းပြကာ အထူးအခွင့်ရေးများရယူနေသည်ဟု စွပ်စွဲဝေဖန်မှုများ ရှိနေသည်။

ကောင်းထက်ငွေ

thethaiger.com/news

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အကျဉ်းထောင်သို့ပြန်ပိုရန် ထိုင်းပြည်သူများ ဆန္ဒပြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.